အပိုင်း - ၁၂ - { အချစ်တွေ ဒီလောက်များတာကို }

1.1K 149 24
                                    

အပိုင်း - ၁၂ - { အချစ်တွေ ဒီလောက်များတာကို }

ပိတ်ထားသောအိုးဖုံးအား ဆိုင်ရှင်မှ ဖွင့်လှပ်လိုက်သောအခါ မီးဖိုပေါ်ရှိ ဆန်ပြုတ်ရနံ့မှာ ထုံသင်းကြိုင်လှုင်သွားလေသည်။ ထို့နောက် ဆန်ပြုတ်နံ့မွှေးမွှေးလေးက လူအများအား သွားရည်များပင် ကျလာစေတော့မတတ် ဆွဲဆောင်နိုင်လှ၏။

Khonla က KhunChai နောက်သို့ လိုက်လာကာ စျေးထဲရှိ ဆန်ပြုတ်ဆိုင်တစ်ဆိုင်သို့ ရောက်လာသည်။ မိမိ၏ လမ်းလျှောက်ပုံက အတော်လေးကို ပုံမှန်မဟုတ်ကြောင်း သိသာထင်ရှားနေသည်ထင် ၊ KhunChai Phit က သူ့အား စောင်းကြည့်ကာ တစ်ချက်နှစ်ချက် ရယ်သွမ်းသွေးလာတတ်သည်။ သူ့ခြေနှစ်ချောင်းလုံး အားမရှိလောက်အောင် ဖြစ်နေသည်မှာ ဤကောင်စုတ်လေးကြောင့်ပင် မဟုတ်လား။ ခုတော့ ဟိုနေရာလည်းနာ၊  ဒီနေရာလည်း ကိုက်နှင့်။

"ကျွန်တော် မှာပေးမယ်။ Khon ရော ဘာစားမှာလဲ"

"ဆန်ပြုတ်ဆိုင်ပါဆိုမှ ကျွန်တော့်ကို ဘာစားခိုင်းမှာလဲ"

Khon က ထိုင်ခုံပေါ် ဆောင့်ဆောင့်အောင့်အောင့် ထိုင်ချလိုက်သည်။ အရင်တုန်းက စကားကို ကောင်းကောင်းကန်းကန်း ပြောခဲ့သော်ငြား ယခုတော့ သူကိုယ်တိုင်ပင် စိတ်ထဲပြန်အားနာရလောက်အောင် KhunChai အပေါ် အပြောအဆို ပြောင်းလဲသွားပေပြီ။

"ကျွန်တော့်အပေါ် ဒီထက်နည်းနည်းလောက် စကားကောင်းကောင်းလေး ပြောပေးလို့ မရဘူးလား"

"... ဒါဆို.... KhunChai ဘာစားမှာလဲ၊ ကျွန်တော်လည်း  KhunChai စားတဲ့ဟာပဲ လိုက်စားမယ်"

ထို့နောက် Khon က တိတ်ဆိတ်စွာသာ ထိုင်ကာ  အခြားဘက်သို့ မျက်နှာမူလိုက်ခြင်းဖြင့် စကားစကို ဖြတ်တောက်လိုက်၏။ ထို့နောက်  KhunChai တစ်ယောက်တည်းကိုသာ ဆိုင်ရှင်ထံသို့ ဆန်ပြုတ်သွားမှာလိုက်စေသည်။

အမှန်တော့ Chat နန်းတော်၏ မနက်စာက ဘယ်နှစ်ပြားမှမတန်သော ဤဆန်ပြုတ်ထက် အရသာအများကြီးကောင်းနေမည်မှာ သေချာသည်။ ယခုလို ထွက်လာရခြင်းမှာ Chat နန်းတော်ထဲ ဆက်နေမည်ဆိုလျှင် Khon ဆက်ပြီး စိတ်ကျဥ္းကျပ်ရမည် ဖြစ်သောကြောင့် ထွက်လာလိုက်ခြင်းဖြစ်သည်။ ယနေ့မနက်လည်း KhunYing Pin က ဘုန်းကြီးကျောင်းသို့ အလှူဒါနသွားလုပ်၍သာ တော်သေးသည်။ သို့မဟုတ်ပါက KhunChai Phit ၏ အခန်းထဲ သူ ဘာကြောင့် တစ်ညလုံးရှိနေပါသနည်းဟု မေးလာပါလျှင် ခက်မည်။ ယခုတော့ အရှက်သည်းစရာကောင်းသော ထိုအမေးစကားအား ပြန်မဖြေဆိုရတော့ပါချေ။

မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }Donde viven las historias. Descúbrelo ahora