အပိုင်း - ၂၀ { ခေါင်းမာခြင်း }

1K 157 32
                                    

အပိုင်း - ၂၀ { ခေါင်းမာခြင်း }

သုံးစားလို့မရတဲ့ကောင်ဟု Tha ဆီမှ အဆဲခံလိုက်ရသော ကောင်လေးမှာ မြစ်ကမ်းဘေးအိမ်မှ အဆောတလျင် ထွက်လာရသည်။ အိပ်ရာမှနိုးနိုးချင်း မိမိရင်ခွင်ထဲ ဗလာဟင်းလင်းဖြစ်နေကာ တိတ်ဆိတ်သောအိမ်ကြီးထဲတွင် မိမိတစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့ကြောင်း သိလိုက်ရသောကြောင့်ဖြစ်၏။

Khon ပျောက်သွားပြီ။ ဘယ်ချိန်ကတည်းက ထွက်ပြေးသွားမှန်းပင် သူ မသိလိုက်။ Khon ထွက်သွားချိန် မသိလိုက်မိသည့်အထိ နှစ်ခြိုက်စွာအိပ်စက်နေသည့် မိမိကိုယ်ကိုသာ အပြစ်တင်ရပေမည်။

Khon အား လိုက်ရှာရန် KhunChai ပထမဆုံးသွားလိုက်သောအိမ်မှာ SaoChingCha ရှိ အိမ်တန်းလျားသာဖြစ်သည်။ Khon ထံတွင် အားကိုးမှီတွယ်စရာ များများစားစားမရှိခြင်းအား သူ သနားရမည်လား၊ ဝမ်းသာရမည်လား မပြောတတ်တော့ပါချေ။ ထို့ကြောင့် Khon အား လိုက်ရှာဖို့ များများစားစား ခေါင်းမခြောက်လိုက်ရ။  Khon က အိမ်ပြန်လာရုံသာဖြစ်ကာ အဝေးတစ်နေရာသို့ ထွက်ပြေးသွားခြင်းမရှိပါချေ။

Khon ထွက်ပြေးသွားရသည့်အထိ အနိုင်ကျင့်မိခြင်းမှာ မိမိ၏အပြစ်များပင် ဖြစ်သည်။ အကောင်းဆုံးယုယပေးမည် စောင့်ရှောက်ပေးမည်ဟု ရည်မှန်းထားသည့်တိုင် Khon အပေါ်ဆိုးမိခဲ့သည်မှာ မိမိ၏အမှားများပါပေ။

သို့သော်လည်း တစ်ဖက်လူက ပြန်မချစ်သောကြောင့် စိတ်ဆိုးသွားရခြင်းဖြစ်သည်။ ယခုတော့ Khon က သူ့အား ပို၍ပင် မချစ်နိုင်တော့ပါချေ။

ညာဘက်ခြမ်းရှိ တတိယမြောက်အိမ်တံခါးအား ဖွင့်ပြီးသည်နှင့် KhunChai လည်း အိမ်ပေါ်တက်သွားရန် ခြေလှမ်းပြင်လိုက်သည်။ ထိုစဥ်တွင်ပင် အသံတစ်ခု ထွက်လာ၏။

"ရပ်လိုက်စမ်း၊ ကောင်စုတ်လေး ။ ဒါ ဘယ်သွားမလို့လဲ"

Kanittha က သူ့ရှေ့မှ တားဆီးပိတ်ပင်လာကာ အသစ်စက်စက်ဝယ်ထားသော ယောက်ချိုဖြင့်လည်း သူ့အား ချက်ချင်းရိုက်ရန် အသင့်ရွယ်ထားသည်။ သို့သော် KhunChai Phitchya က ဤယောက်ချိုလောက်ကိုများ ကြောက်မည်ထင်သတဲ့လား။

"Tha ၊ ကျွန်တော့်ကို လာမတားနဲ့။ ကျွန်တော် Khon ကို သွားကြည့်မလို့"

မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }Where stories live. Discover now