အပိုင်း - ၁၇ { ကိုက်ဝါးရခက် }

927 159 47
                                    

အပိုင်း - ၁၇ { ကိုက်ဝါးရခက် }

တစ်ကိုယ်လုံးစိုရွှဲနေသော KhunChai Phitchya မှာ အိမ်ရှေ့တံခါးဝကြီးမှ ဖြတ်သန်းလျှောက်လှမ်းလာလိုက်သည်။ မိုးရေစက်များမှာ ကြမ်းပြင်ပေါ်သို့ တတောက်တောက်ကျဆင်းနေကာ ရေစီးကြောင်းများအဖြစ်ပါ ကူးပြောင်းသွားသဖြင့် တစ်ခုသောအသံက သူ့အား လာရောက်ဟန့်တားလိုက်ပေသည်။

"ဘယ်ကနေပြန်လာလို့ ဒီလောက်ထိ ညဥ့္နက်နေတာလဲ။ ပြီးတော့ ဘယ်လိုဖြစ်ပြီး တစ်ကိုယ်လုံး မိုးရေစိုရွှဲနေတာလဲ။ မင်းအတွက်ဆိုပြီး ကားထဲတောင် မယ်မယ် ထီးသွားထည့်ခိုင်းထားတယ်လေ"

"ထီးကို ဆရာ Khon အတွက် ငှားပေးလိုက်လို့ပါ၊ မယ်မယ် "

KhunChai က KhunYing Ping Anong အား တုံ့ပြန်ဖြေဆိုလာကာ နဖူးပေါ်ဝေ့ဝဲကျလာတဲ့ ဆံပင်စိုစိုများအား စိတ်ရှုပ်စွာ ပြန်လှန်တင်လိုက်သည်။ KhunChai မှာ ထိုနေရာတွင်သာရပ်နေကာ မိုးရေစက်များအား မြင့်ရာသို့ နိမ့်ရာသို့ စီးဆင်းသွားခွင့်ပြုလိုက်၏။

"ဒါက ....မောင် Khon ကို သွားပို့လာတာလား"

"ဟုတ်"

"ဒီမှာလာထိုင်ဦး၊ မယ်မယ် မင်းနဲ့ ပြောစရာကိစ္စရှိတယ်"

KhunYing က ဘေးနားရှိ နေရာလွတ်အား ပုတ်ပြလိုက်ကာ မိုးရေစိုနေသောသူအား အနားလာထိုင်ခိုင်းလိုက်စေသည်။

"တစ်ကိုယ်လုံး မိုးရေတွေစိုနေတာ၊ အိမ်ပေါ်တက်ပြီး အဝတ်အစား အရင်သွားလဲလို့ ရမလားဟင်"

"မလိုဘူး၊ မယ်မယ် မင်းကို မေးခွန်းအများကြီးမေးမှာ မဟုတ်ဘူး။ သိချင်တာသိရပြီးရင် မင်းလည်း လုပ်ချင်ရာ သွားလုပ်လို့ရပြီ"

KhunChai က မတတ်သာတော့သည့်အဆုံး နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားမိသည်။ ပါးပြင်ထက်တွင်လည်း လခြမ်းကွေးသဏ္ဍာန်အချိုင့်လေးပါ ပေါ်လာ၏။ ထို့နောက် မိခင်ဖြစ်သူထိုင်သောနေရာနား ကြမ်းပြင်အောက်တွင်သာ ထိုင်ချလိုက်သည်။ ဆိုဖာပေါ် တက်ထိုင်လိုက်ပါလျှင် အစ်မမျဲန့်တော့ သူ့အား အရိုးအဆစ်များကျိုးသွားပါစေဟု ကျိန်ဆဲတော့မည်မှာ သေချာသည်။

မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }Donde viven las historias. Descúbrelo ahora