အပိုင်း - ၇ - { တစ်ခါတစ်လေကျ .... ပါးကိုပါ နမ်းတတ်ကြတယ်}

949 162 27
                                    

အပိုင်း - ၇ - { တစ်ခါတစ်လေကျ .... ပါးကိုပါ နမ်းတတ်ကြတယ်}

Khon အတွက် ဟင်းရွက်ကူဆေးရင်း  KhunChai Phit ဝတ်ထားသော တန်ဖိုးကြီးရှပ်အင်္ကျီလက်မှာ ရေစိုသွားရာ တံတောင်ဆစ်အထိ ခေါက်တင်ထားလိုက်သည်။ ထို့​နောက် Khon မှ တောင်းတောင်းပန်ပန်ဆိုလာပြီး မီးဖိုချောင်ထဲမှ နှင်ထုတ်လိုက်သဖြင့် KhunChai မှာ မျက်နှာကြီးဆူပုပ်ပြီး အပြင်သို့ ထွက်လာထိုင်လိုက်ရလေသည်။

"မီးဖိုချောင်ကဖြင့် ကျဥ်းကျဥ္းလေး၊ KhunChai ကကျ လူကောင်ကြီးလွန်းတယ်။ ကျွန်တော်လုပ်ရကိုင်ရတာ ချောင်ချောင်လည်လည်မရှိဘူး"

ရှုပ်ကိုရှုပ်တယ်....တဲ့။

အနှစ်ချုပ်လိုက်လျှင် Khon ပြောချင်သည်မှာ ထိုအဓိပ္ပာယ်သာဖြစ်ပေသည်။

"Khon ရေ၊ ပြီးတော့မှာလားဟင်။ ကျွန်တော် ဗိုက်ဆာနေပြီလို့"

ဘေးချင်းကပ်မနေရတော့သောအခါ KhunChai က အပြင်ဘက်မှ အသံလှမ်းပေးပြီး လိုက်လံနှောင့်ယှက်လာသည်။ မီးဖိုရှေ့၌ အလုပ်ရှုပ်နေသောသူကို တောက်လျှောက်မြင်နေရသည့်တိုင် တမင်လှမ်းစလာခြင်းဖြစ်၏။

"ကံဆိုးတာကတော့ ချက်လို့ပြုတ်လို့ မပြီးသေးတာပဲ၊ KhunChai ရေ။ ပိုပြီးကံဆိုးတာကတော့ အတော်လေးထပ်ကြာခါမှ ပြီးမှာ"

Khonla က အလေးမထားသည့်နှယ် ပြန်ဖြေလာကာ မီးခိုးလုံးများကြားက ဝါကျင်ကျင်ဝက်သားကင်ကိုသာ အာရုံစိုက်နေသည်။ ထိုအသားကင်ထဲမှသည် မွှေးရနံ့လေး သင်းပျံ့နေသည်မှာ သွားရည်ယိုစဖွယ်ကောင်းလှသည်။

"တောက်တိုမယ်ရလေးတွေ ကူလုပ်ပေးမယ်ဆိုတော့လည်း လူကို နှင်ထုတ်တယ်။ ဘယ်လိုလူမှန်းလည်း မသိ၊ ရက်စက်လွန်းပါပေရဲ့"

စိတ်ထဲ မည်သို့မှ မနေသော်ငြား KhunChai က Khon အား ချက်ချင်းပင် တုံ့ပြန်ခနဲ့လာပြန်သည်။ ငြိမ်ငြိမ်လေးထိုင်နေသည့်အဖြစ်အား ငြီးငွေ့သထက် ငြီးငွေ့လာသောအခါ ထိုင်ခုံလေးပေါ်မှ ထကာ Khon ရှိရာသို့ လျှောက်လှမ်းလာခဲ့လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူတို့နှစ်ယောက်ကြား မီးဖိုက ကြားခံအဖြစ် ခြားနားထား၏။

မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }Onde histórias criam vida. Descubra agora