အပိုင်း - ၁၉ { ကြာရိုးရစ်နွယ် }
Trigger warning : Violence & description of sexual content
Chat နန်းတော်တွင် ညစာစားခဲ့ပြီးသည့်နောက် KhunYing နှင့် သူ ဤမျှထိ စကားကောင်းနိုင်မည်မှန်း Khonla လုံးဝ ထင်မထားခဲ့။ နှစ်ယောက်စလုံးက ထိုင်းပိုးထည်များအား ကြိုက်နှစ်သက်တတ်သောကြောင့်ထင်၊ KhunYing က သူ့ကို အခန်းထဲဆွဲခေါ်သွားကာ သူမ စုဆောင်းထားသော ပိတ်ထည်များအား လိုက်လံပြသလာ၏။ KhunChai ဝင်လာပြီး မိခင်ဖြစ်သူထံ ခွင့်လာတောင်းတော့မှ KhunYing ၏ အခန်းထဲမှ သူ ပြန်ထွက်လာနိုင်သည်။
*
"မင်း ဘာဖြစ်ထားတာလဲ၊ ကြည့်ရတာ စိတ်မကြည်တဲ့ပုံနဲ့"
KhunChai ၏ ချောမောသော ဘေးတစ်ခြမ်းမျက်နှာအား မျက်ဝန်းထောင့်မှ ခိုးအကဲခတ်ရင်း Khonla မေးလာသည်။ လမ်းဘေးရှိ မီးတိုင်များမှ မီးရောင်များ လွန်စွာလင်းထိန်နေလေရာ ညဥ့်အမှောင်ထုအား ခွင်းဖြာပေးနိုင်နေပေ၏။
ကားထဲတွင် အချိန်အတန်ကြာ နှစ်ယောက်စလုံး တိတ်ဆိတ်နေကြသည်။ ထို့အတူ ကိုလူထွားကြီး၏ သုန်မှုန်နေသောရုပ်က သူ့အား စိတ်မသက်မသာ ဖြစ်စေ၏။
ဘာကြောင့်မှန်းတော့ မသိ၊ KhunChai ဤသို့ဖြစ်သည်ကို သူ တစ်ခါမှမတွေ့ဖူးပါ။ ဘာမေးမေး လုံးဝပြန်မဖြေဘဲ ကားလီဗာကိုသာ ဖိနင်းကာ Ford ကားလေးအား အရှိန်နှစ်ဆ ထပ်ထပ်တင်နေသည်။
"KhunChai....အရှိန်လျှော့မောင်းပါဦး၊ အန္တရာယ်များလွန်းတယ်။ ....ဒါကရော ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ။ ဒီလမ်းက ကျွန်တော့်အိမ်ကို ပြန်သွားတဲ့လမ်းမှ မဟုတ်တာ"
ဘေးပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်သောအခါ Khonla မျက်ခုံးများ မြင့်တက်သွားသည်။ တစ်ဖက်လူက ဘာမှပြန်မပြောသောအခါ ထပ်မေးဖို့ရာ ပါးစပ်ဟလိုက်၏။ သို့သော် ပြောင်းလဲသွားသော မီးခိုးရင့်ရောင်မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားသောအခါ ပါးစပ်လေးမှာ ပြန်ပိတ်သွားရသည်။
"Khon နဲ့ အတူနေဖို့ ကျွန်တော်ဝယ်ထားပေးတဲ့ အိမ်ဆီ သွားကြမှာ။ ဒီည အဲ့မှာအိပ်မယ်"
"ဟင်၊ ကျွန်တော် ဘာပစ္စည်းမှ သယ်မလာရသေးဘူး။ Piak နဲ့ Tha ကိုလည်း မပြောပြရသေးဘူး။ ဒါက အရမ်းကို ရုတ်တရက်ဆန်လွန်းနေတယ်၊ မနက်ဖြန်မှ လာရအောင်ပါ"
YOU ARE READING
မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }
Romanceကျွန်တော့်ရဲ့ လမင်းနှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်သိပ်နေတယ်။ ဒါပေမယ့် တစ်ယောက်သောသူက ဒီအချစ်တွေကို လက်မခံမှတော့ ဒီနှလုံးသားဟာ "မြူနှင်းလွှာကြားက စန်းလသော်တာပမာ"သာ ဖြစ်ခဲ့လေတော့တယ်။ Original Title - ดั่งกัษษากรในม่านหมอก Author - นทกร