အပိုင်း - ၉ { မျို }

998 154 33
                                    

အပိုင်း - ၉ { မျို }

ဓာတ်ရထားပေါ် စီးနင်းလိုက်ပါလာရခြင်းမှာ KhunChai အဖို့တော့ သက်သောင့်သက်သာသိပ်မရှိလှ။ ကျုံးကျုံးကျက်ကျက် အသံများ တစ်ချိန်လုံး ဆူညံနေ၍လား၊ သို့တည်းမဟုတ် တစ်ချိန်လုံး ခါယမ်းတုန်ယင်နေသောကြောင့်လား၊ သို့တည်းမဟုတ် ဝန်ဆောင်မှုသုံးစွဲနေသူများ ပြည့်သိပ်လွန်းနေ၍ စိတ်ကျဥ်းကျပ်နေရခြင်းကြောင့်လားမသိတော့။ ChatChlerm နန်းတော်ရှေ့အရောက်ဝယ် KhunChai မှာ ဒဏ်ရာမှလည်း တဆစ်ဆစ်နာကျင်လာသည်ဟု ခံစားရကာ အဖျားရှိန်လည်း တက်လာသည်ဟု ထင်မိ၏။

အချိန်မရွေး အိပ်ပျော်သွားတော့မည့် Khonla ၏ မျက်လုံးလှလှလေးများကို KhunChai လိုက်ပြီးအကဲခတ်နေသည်။ ငိုက်မြည်းမှုကို ဖြေဖျောက်ရန် ကြိုးစားပြီးခါထုတ်နေသည့် ထိုမျက်နှာလှလှလေး အတော်လေး အိပ်ငိုက်နေသည့်ပုံပေါ်သည်။ သို့နှင့် ဆရာဖြစ်ဖူးသောသူမှာ တစ်လမ်းလုံး ငိုက်လိုက်ပြန်မတ်လိုက်ဖြစ်နေကာ နောက်ဆုံးတော့ ဇိမ်အကျဆုံးနေရာဖြစ်သည့် KhunChai၏ ပခုံးပေါ်သို့ မှီကျလာခဲ့သည်။

ဘေးလူများ၏အမြင်မှာတော့ Khon က ဒဏ်ရာရထားသူအပေါ် အသားယူလွန်းသည်ဟု ထင်ကောင်းထင်နေလိမ့်မည်။ သို့သော် KhunChai အတွက်ကမူ Khonla အိပ်မောကျနေစဥ် တစ်ဖက်လူ၏ ပါးပြင်က မိမိ၏ပခုံးပေါ် တစ်သားတည်းဖိကပ်နေခြင်းမှာ ကောင်းသောကိစ္စရပ်သာ ဖြစ်လေသည်။

.
.
.

"အိမ်ထဲဝင်ပြီး ရေလာသောက်လှည့်ပါဦး။ အရမ်းငိုက်နေရင်လည်း ဒီမှာပဲ အိပ်သွားလှည့်"

အိမ်ရှေ့ပုရဝုဏ်ရှိ ခပ်နိမ့်နိမ့်လှေကားထစ်ပေါ်အရောက်တွင် KhunChaiက ခြေလှမ်းများအား ရပ်လိုက်ကာ ခါးသွယ်သွယ်ကို ဖက်ထားသည့်လက်အား ဖြေလျှော့ပေးလိုက်ရသည်။

"ရတယ်၊ ဘာမှမဖြစ်ဘူး"

"ဖြစ်တာပေါ့။ Khon အငိုက်လွန်လို့ ဓာတ်ရထားပေါ်ကပြုတ်ကျပြီး သေသွားရင် ကျွန်တော် နောင်တရနေတော့မှာနော်"

"ကျွန်တော်က အသက်ပြင်းပြီးသားပါ။ စစ်ပွဲကြားကနေလည်း အသက်ရှင်လာတယ်၊ အပေါ်ကနေ သံချောင်းတွေ ပိကျလာတာကိုလည်း လွတ်မြောက်လာတယ်။ လွယ်လွယ်ကူကူ မသေလောက်ပါဘူး  "

မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }Where stories live. Discover now