အပိုင်း - ၁၆ { တစ်ယောက်တည်း၊ နှစ်ယောက်မရှိဘူး }

953 155 29
                                    

အပိုင်း - ၁၆ { တစ်ယောက်တည်း၊ နှစ်ယောက်မရှိဘူး }

ကျယ်ဝန်းသောအာကာပြင်မှာ ယနေ့ညတော့ နီညိုရောင်ရင့်ရင့်သမ်းနေ၏။ ပယင်းရောင်ပမာ ဝင်းဝါထိန်လင်းသည့် လမင်းသော်တာကြီးကလည်း တိမ်သလ္လာမြူထုဖြင့် ဖုံးအုပ်ထားခြင်းခံရကာ ဒေါမာန်ကဲသော ဝါယောနတ်က သစ်ပင်မြင့်ဖျားတို့အား သူ၏အလျဥ်အတိုင်း လှုပ်ယမ်းယိမ်းခါစေခဲ့သည်။

ဧရာမမိုးစက်မိုးပေါက်များက မိုးကောင်းကင်ပေါ်မှသည် တစ်ဖြတ်တစ်ခါ သွန်းလောင်းရွာချလာ၏။ ပြာလွင်လွင် Ford ကားထဲတွင်လည်း တိတ်ဆိတ်မှုများကြီးစိုးရာမှသည် စကားပြောသံများ ပြန်ထွက်ပေါ်လာသည်။

KhunChai က အဖြူရောင်အုတ်တံတိုင်းနား ကားရပ်ထားလိုက်ကာ ရေတံခွန်ပမာ စီးကျရွာချလာသော မိုးများအားဖြတ်ပြီး ကားရှေ့မီးအား ထွန်းလင်းထား၏။ ထို့နောက် မီးခိုးရင့်ရောင်မျက်ဝန်းများက ဘေးနားရှိလူထံ စောင်းငဲ့ကြည့်လာသည်။ ထိုလူသားမှာမူ ဘေးနားရှိမိမိထက် အပြင်ဘက်ရှိ မိုးရေစက်ကိုသာ စိတ်ဝင်စားဟန် ပိုရနေ၏။

ချောင်းဟန့်သံလည်း ပြုကြည့်ပြီးပြီ။

တဒေါက်ဒေါက်အသံမြည်အောင် စတီယာတိုင်ကိုလည်း ခေါက်ကြည့်ပြီးသွားပြီ။

သို့သော် Khonla ဘက်မှ သူ့ထံ အာရုံလွှဲလာမည့်ဟန် လုံးဝမရှိ။

ထို့ကြောင့် နောက်ဆုံးနည်းလမ်းဖြစ်သည့် ကားဟွန်းကိုသာ တီခနဲမြည်အောင် ဖိနှိပ်ပစ်လိုက်သည်။

"KhunChai !!!! ဘာလို့ ကားဟွန်းတီးတာတုန်းလို့။ ဒီနားတစ်ဝိုက်မှာ KhunChai ကားကလွဲ ဘယ်သူ့ကားများရှိနေလို့လဲ"

ထိုခါမှ Khonla က အသက်ပိုငယ်သူထံ လှည့်ကြည့်လာသည်။ စကားသံထဲတွင်လည်း အပြစ်တင်လိုမှုတို့အား ကွယ်ဝှက်မထား။ အကြောင်းမှာ ထိုကားဟွန်းတီးသံက အတွေးထဲလွင့်မျောနေသော မိမိအား ဆတ်ခနဲ တုန်ယင်ထိတ်လန့်သွားစေသောကြောင့်ဖြစ်သည်။

"Khon ကို ခေါ်လိုက်ရုံတင်"

"ဆို၊ ဘာကိစ္စရှိလို့လဲ"

မိမိအားခေါ်သည်ဟု ဆိုသဖြင့် ဘာကိစ္စရှိလို့လဲဟု Khon မေးလိုက်သည်။ သို့သော် KhunChai က ထိုစကားကို ကျေနပ်သည့်ဟန်မရဘဲ ကိုလူထွားကြီးက ဘေးဘက်လှည့်လာကာ သူ့လက်ကိုဆွဲပြီး မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လာစေသည်။ ထို့နောက်မှာမှ သူ့မျက်နှာကို ကားမှန်အပြင်ဘက်သို့ ပြန်လှည့်စေလိုက်ကာ မိုးအရမ်းသည်းကြောင်း သက်သေအထောက်အထား ပြလာသည်။

မြူနှင်းလွှာကြားက စန်းလသော်တာပမာ { ดั่งกัษษากรในม่านหมอก }Where stories live. Discover now