1990ခုနှစ်.....
"BELINDER"
ရွှေရောင်ဖောင်းကြွစာလုံးများဖြင့် လက်ရာမြောက်စွာထွင်းထုထားသော အမည်နာမ....။
Belinderရဲ့ အဓိပ္ပါယ်က အမေရိကန်လို"လှပတင့်တယ်ခြင်း"တဲ့...။
နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို ခပ်ရေးရေးပြုံးမိလိုက်သည်။
Belinder...ဆိုသည့်အမည်နာမဖြင့် လိုက်ဖက်စွာတည်ရှိနေပါသော အိမ်တော်ကြီးဟာ ခမ်းနားထည်ဝါစွာ...။
ဧကပေါင်းများစွာ ကျယ်ဝန်းသည့် ခြံဝန်းကြီးထဲ၌ တည်ဆောက်ထားပါသော Belinder...
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. မိမိနှင့်အတူပါလာသည့် ညီမငယ် Rubyက Belinder၏ အလှကြောင့် တဝိုးဝိုးတဝါးဝါး အသံတွေထွက်လို့..။
ခြံတံခါးမကြီးကနေ အိမ်တော်အထိရောက်သည်အထိလမ်းလျှောက်သွားမည်ဆိုပါက အတော်ပင်လှမ်းတာကြောင့် ခန့်မှန်းခြေ ဆယ်မိနစ်လောက်တော့ လျှောက်ရလိမ့်မည်ဖြစ်သည်။
အငှားယာဥ်ကို အိမ်ရှေ့ဆင်ဝင်အောက်အထိသာမောင်းလာခိုင်းခဲ့လိုက်တော့သည်။
မိမိတို့ရောက်ရှိမည်ကို ကြိုတင်ကာ ကြေးနန်းပို့ထားပြီးြဖစ်တာကြောင့် အိမ်ကြီးသခင်တို့မှာ ထွက်ကာ ခရီးဦးကြိုပြုကြသည်။
Belinder၏ အုပ်ချုပ်သူ...အဖိုးKIMနှင့် မြေးဦးဖြစ်သူ..Roselle Kim...
ဘေးနား၌ အိမ်တော်ထိန်းကြီးနှင့် အစေခံများစွာ နေရာယူထားကြသည်။
မိမိအဖိုးဆီမှ ကြားရသလောက်တော့ အဖိုးKim၌ မြေးနှစ်ယောက်ရှိသည်ဟူ၍....
ယခုမူ မြေးအကြီးဖြစ်ဟန်ရှိတဲ့ Roselleကို သာတွေ့ရလေသည်။
Roselleက မိမိထက် သုံးနှစ်ခန့်အသက်ကြီးပြီး မြေးအငယ်မှာမူ မိမိနှင့်အသက်အတူတူဟူ၍ ကြားသိရသည်။
![](https://img.wattpad.com/cover/302860593-288-k668918.jpg)
YOU ARE READING
"LAVENDER DIARY"[complete]
Romanceခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။