မမဆွဲခေါ်ရာသို့ ပါလာပါသော်လည်း စိတ်တို့က ကယောင်ခြောက်ခြား။
မျက်ရည်များသာကျနေပြီး လူကခြေမကိုင်မိလက်မကိုင်မိ။
ကိုကိုသာ တစ်ခုခုဖြစ်သွားရင်!...
ဟင့်အင်း!...မဟုတ်ဘူး!...မဖြစ်ရဘူး!..ကိုကိုက ထိခိုက်လို့မရဘူး!...
မျက်ရည်များဖြင့်သာ ခေါင်းကိုတွင်တွင်ခါယမ်းရင်း လက်သည်းများကို ကုတ်ဖဲ့နေမိသည်။
"ယောင်းငယ်!....စိတ်အေးအေးထားပါကွယ်!..."
လက်ဖမိုးပေါ်အုပ်ကိုင်လာပြီး အားပေးစကားဆ်ိုနေသောမမ။
ကိုယ့်ရဲ့ အိမ်ထောင်ဘက်တစ်ယောက်လုံးက Accidentကြောင့် ဘာမှန်းမသိတဲ့အခြေအနေမှာ စိတ်အေးအေးထားနိုင်မည်တဲ့လား?
စိတ်ပူလွန်းလို့ ရူးရပါတော့မယ်ကိုကိုရယ်။
ကျေးဇူးပြု၍ ကျွန်တော်ချစ်သော ကိုကို ကို စောက့်ရှောက်ပေးပါ ဘုရားသခင်။
ကားထိုးရပ်သွားသည်အထိ သတိမမူမိသေးသည့် ယောင်းငယ်က သူ့ကိုကို ကိုဘယ်လောက်စိတ်ပူနေသလဲဆိုတာ သိသာလွန်းပါသည်။
"မမ!...ကိုကို!...ကိုကိုရောဟင်!...ကိုကို့ဆီကိုမြန်မြန်လိုက်ပို့ပါ!.."
သူမလက်မောင်းတို့ကိုလှုပ်ရမ်းကာ မျက်ရည်စက်လက်ဖြင့်ပြောနေပါသော မောင်ငယ်လေးက သနားစရာအတိ။
"လာ!..မမလိုက်ပို့မယ်!.."
"မမ!!..နေအုံး!..ဒါက အိမ်ကိုပြန်ရောက်နေတာမလား?!!"
ခုမှသတိထားမိဟန်ရှိတဲ့ယောင်းငယ်က ခြေလှမ်းတို့ကိုရပ်တန့်ကာဆိုလေသည်။
သြော်...ဒီကလေးနှယ့် ကိုယ့်အိမ်ကိုယ် ခုမှသတိထားမိသည့်အဖြစ်ရယ်ပါ။
"အဟွန်း....မမနောက်သာလိုက်ခဲ့ပါ...."
ရယ်သွမ်းသွမ်းရင်းပြောလာတဲ့မမ။
အခုအခြေနေက ဘာတွေဖြစ်နေတာလဲ?
ဦးနှောက်ကိုအလုပ်ပေးနေတုန်းမှာ မမဆွဲခေါ်ရာနောက်သို့ယောင်နနနှင့်ပါသွားရပြန်သည်။
နားထဲ၌ ခပ်သဲ့သဲ့ကြားနေရသည့် သာယာနာပျော်ဖွယ် သံစဥ်တချို့။
YOU ARE READING
"LAVENDER DIARY"[complete]
Romantikခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။