ပြတင်းတံခါးဆီမှ ယှက်ဖြာကျနေတဲ့နေရောင်ခြည်နုနုက မွေ့ယာထက်၌အိပ်စက်နေသော လူသားနှစ်ယောက်ဆီသို့ တစွန်းတစ ကျရောက်လို့နေသည်။
အချိန်အားဖြင့် နံနက်ခုနစ်နာရီခန့်....။
Belinder စံအိမ်ဝန်းအတွင်း၌ အလုပ်သမားများမှာ မိမိတို့သက်ဆိုင်ရာတာဝန်ကိုယ်စီ ထမ်းဆောင်နေကြလျက်။
မိမိလည်တိုင်ကို လာရောက်ရိုက်ခတ်နေသည့်လေငွေ့နွေးနွေး....။
နှစ်ခြိုက်စွာအိပ်မောကျနေပါသော Lavenderငယ်။
မိမိလက်မောင်းတစ်ဖက်ကို ခေါင်းအုံးထားတာကြောင့် ထုံကျင်လို့နေသည်။
အိပ်မောကျနေတာတောင် ဘာလို့လှရက်နိုင်လွန်းရတာပါလဲ....။
ဖြောင့်စင်းစင်းမျက်တောင်ရှည်တွေရယ်...ဖိအိပ်ထားတာကြောင့် မို့တက်နေတဲ့ ပါးမို့မိ့ု့...။
ဂျုံပေါင်မုန့်လုံးလေးတွေလို ဖမ်းကိုက်ပစ်ချင်စရာကောင်းလှသည်။
သွေးရောင်လွှမ်းတဲ့ အိစက်စက်နှုတ်ခမ်းပါး။
ဖန်ဆင်းရှင်က ဤလူသားငယ်အား လက်ရာမြောက်စွာ ထုဆစ်ထားပါ၏။
အမြဲရနေကျ Lavenderရနံ့သင်းသင်း....။
Lavender ကွန်ရက်မှာ ရုန်းမထွက်နိုင်အောင်နစ်မြောမိနေပြီ...။
ဤလူသားငယ်အား ချစ်မြတ်နိုးသည်ထက်ပိုပါသည်။
မြတ်နိုးရာLavenderငယ်၏ ထာဝရ ဥယျာဥ်မှူးတစ်ယောက် ဖြစ်ချင်မိပါသည်။
တနေ့တခြား Lavenderနဲ့ပတ်သတ်ပြီး ပိုမိုလောဘတက်လာနေမိပြီ။
နဖူးပေါ်သို့ဝေ့ဝဲကျနေသော ဆံပင်တိူ့ကို လေဖြင့်ခပ်ဖွဖွမှုတ်လိုက်တော့အနည်းငယ်
လူးလွန့်လာပြီးပြန်အိပ်သွားသည်။ဘယ်လိုတောင် အသည်းယားစရာကောင်းနေရတာပါလိမ့် ကိုကို့Lavenderရယ်...။
မင်းကိုချစ်လွန်းလို့ ရူးတော့မှာပဲ!!
"ဒေါက်!....ဒေါက်!......"
အပြင်ကတံခါးခေါက်သံ ခပ်သဲ့သဲ့....။
အိပ်ပျော်နေသည့် ကိုယ်ငယ်လေးကို ဘေးသို့ချထားခဲ့ပြီး တံခါးကို ဟရုံမျှသာဖွင့်လိုက်သည်။
YOU ARE READING
"LAVENDER DIARY"[complete]
Romanceခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။