မနက်ခင်းရဲ့နေရောင်ခြည်ဟာ မှန်ပြတင်းတံခါးမှတစ်ဆင့် အဖြူရောင်လိုက်ကာစများကိုဖြတ်ကျော်ကာ အိပ်စက်နေသော လူသားနှစ်ယောက်ထံသို့ တစ်စွန်းတစ်စကျရောက်လာသည်။
နေရောင်ခြည်ရဲ့စူးရှရှအလင်းရောင်ကြောင့် မျက်ခုံးတန်းတို့ကတွန့်ချိုးသွားသည်။
ခါးကနေပိုက်ဖက်ထားသည့်သန်မာသည့်လက်မောင်းတွေရယ်ကြောင့်မလူးသာမလွန့်သာ။
မိမိတစ်ကိုယ်လုံးဟာ ခပ်ကျယ်ကျယ်ရင်ခွင်အောက်မှာ နစ်မြုပ်လုလု။
ထိုလူသားရဲ့အသက်ရှုထုတ်လိုက်တဲ့ လေငွေ့နွေးနွေးဟာ ဂုတ်ပိုးသို့လာရောက်ထိခတ်နေသည်။
အပြင်ဘက်မှာနေအတော်ပင်မြင့်စပြုနေပြီဖြစ်သော်လည်း ကိုကို ဆိုတဲ့လူသားက အိပ်လို့ကောင်းနေဆဲပင်။
"ကိုကို!....ထတော့လေကွာ!...အပြင်မှာနေမြင့်နေပြီ!..."
လက်မောင်းကို ပုတ်ကာအသာနှိုးတော့...
"အွင်းး!...လာပါအချစ်ရယ်...ထပ်အိပ်ရအောင်!...ကိုယ်အိပ်ရေးမဝသေးဘူး!..."
အိပ်ချင်မူးတူးအသံဖြင့်ကိုကိုက သူ့ကိုပိုတိုးလို့ဖက်ကာ ဂုတ်ပိုးကို ခပ်ဖွဖွနမ်းကာဆိုပြန်သည်။
အင်းပေါ့လေ သူကတော်တော်လေးပင်ပန်းနေတာဆိုတော့!....
ထယ်ယောင်းစိတ်ထဲမှာ ခပ်ရွဲ့ရွဲ့တွေးမိလိုက်သည်။
မိမိကိုဖက်ကာ ပြန်အိပ်နေသောကိုကို့ကြောင့်
အိပ်ယာထဖို့မဖြစ်နိုင်တော့ဘဲ သူပါပြန်အိပ်လိုက်ရသည့်အဖြစ်။နောက်တကျော့ပြန်အိပ်ပျော်သွားပြီး နိုးထလာချိန်၌ အတော်လေးကိုနေမြင့်နေပြီဖြစ်သည်။
ကိုကိုကမူ မိမိဘေး၌မရှိတော့။
အိပ်ယာထသွားပြီနေမှာ....။
ကိုကိုအကျင့်ပုတ်က သူ့ကိုမနှိုးဘဲ ဒီတိုင်းထားခဲ့တာ။
မျက်နှာသစ်ပြီး အပြင်ဘက်ထွက်လာတော့ မီးဖိုချောင်မှာ ဆူညံနေတဲ့အိုးသံခွက်သံတွေ...
သွားကြည့်လိုက်တော့...နှစ်ယောက်မရှိတဲ့ကိုကိုရယ်...။
Apronကြီးဝတ်ပြီး ဟင်းချက်နေသေးတာ။
YOU ARE READING
"LAVENDER DIARY"[complete]
Romanceခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။