The stranger(HE)

1.8K 188 11
                                    

"အင်မ်း...လှတယ်!..."

အယောင်ယောင်မှားမှားနဲ့ ထွက်ပေါ်လာသည့် စကားသံ၏နောက်၌
Lavenderလေး၏ "ဘာ!!"ဆိုသည့် အာမေဋိတ်သံဟာ ဟိန်းထွက်လျက်....

အလိုမကျဟန် စုကျုံ့ထားသည့် ဇင်ယော်တောင်မျက်ခုံးတန်းလေးတွေရယ်

Lavenderက ဒေါသထွက်နေရင်တောင် ကြည့်ကောင်းနေတာမျိုး...။

"အော...Lavenderတွေက လှတယ်လို့ပြောတာပါ..."

ကျွန်တော်ရည်မှန်းသည့် Lavenderဆိုသည်မှာ မျက်စိရှေ့ကလူသားငယ်ကို ရည်ညွှန်းခြင်းသာ...။

"နေပါအုံး...ခင်ဗျားက ဘယ်သူလဲ??...ဒီကိုဘယ်လိုရောက်လာတာလဲ!!..?"

Lavenderလေးဟာ သိပ်ကိုရန်လိုနေဟန်ရှိပါသည်။

"ကိုယ့်နာမည်...Adam Jeonလို့ခေါ်တယ်...ကိုယ်ကLondonကနေလာတာ..."

Adam Jeon...နှုတ်မှခပ်တိုးတိုးရေရွတ်မိသည့် အမည်နာမ...

Adamရဲ့အဓိပ္ပါယ်က "The son of red earth.."တဲ့

အင်မ်း...မျက်စိရှေ့က လူစိမ်းက လူတင်smartကျတာမဟုတ်ဘဲ သူ့နာမည်ကပါ smartဖြစ်နေတာမျိုး..။

အနက်ရောင်လည်ပိတ်အကျင်္ီအပေါ်မှ အနက်ရောင်coatကိုတွဲဖက်ဝတ်ဆင်ထားသည့် ထိုလူဟာ မြင့်မားသောအရပ်မောင်းနှင့် သိပ်ကိုလိုက်ဖက်ပါသည်။

ဆံပင်တွေကို အလယ်မကျဘေးမကျ ခွဲထားပြီး တချို့မှာ နဖူးထက်၌ ဝဲကျနေသည်။ထင်ရှား​​သေပ်သောမေးရိုးများဖြင့် အကြည့်တို့ကလည်းစူးရဲစွာ...။

ထိုလူစိမ်းက ထပ်ပြီး...

"Koreaလို Jeon Jungkookလို့ခေါ်တယ်....မင်းအဆင်ပြေမယ်ဆိုရင် Jeonလို့ ခေါ်လို့ရပါတယ်..."

အနိမ့်သံကိုသုံးပြီးပြောနေတဲ့ အမိန့်ဆန်သလိုရှိသော စကားသံ...။

ထိုလူစိမ်းဟာ လွှမ်းမိုးနိုင်စွမ်းရှိသည်ကိုတော့ ဝန်ခံရပါလိမ့်မည်။

"မခေါ်ချင်ပါဘူး...ခင်ဗျားနဲ့မှမသိတာ...."

ဂျစ်တိုက်တတ်သည့် နဂိုဗီဇအရ အကန်တွေသာ ပြောပစ်လိုက်သည်။

"စိတ်မကောင်းစရာပဲ!...ကိုယ်က Lavenderလေးနဲ့ သူငယ်ချင်းဖြစ်ချင်တာကို!.."

"LAVENDER DIARY"[complete]Where stories live. Discover now