အချိန်အားဖြင့် ရက်သတ္တပတ်မျှ ကုန်လွန်လာခဲ့ပြီဖြစ်သည်။
ကိုကိုက ခြံလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေပြီး ထယ်ယောင်းက ဒေါ်လေးရဲ့ အကူအညီဖြင့် ကလေးများအား စာသင်ပြပေးနေသည်။
ကိုကိုခြံထဲသွားရင် တစ်ယောက်ထဲမပျင်းရတော့ဘူးပေါ့.....။
ကိုကိုက မနက်ခုနစ်နာရီလောက်ကနေထွက်သွားပြီး ညနေစောင်းမှ ပြန်လာတတ်တာကြောင့် အိမ်မှာတစ်ယောက်ထဲနေရတဲ့အခါ သိပ်ကိုပျင်းဖို့ကောင်းပါသည်။
အခုတော့ ကလေးများနှင့် စာသင်နေရ၍ ပျင်းဖို့အချိန်ရယ်လို့ပင် သိပ်မရှိတော့။
ကလေးချစ်တတ်သောသူက စာသင်ရာမှာလည်းစိတ်ရှည်တာကြောင့် ကလေးများက သိပ်ချစ်ကြသည်။
Belinderရဲ့အရိပ်အောက်ကနေရုန်းထွက်လာခဲ့ပြီး ဒီတိုင်းလေး အဆင်ပြေနေတာပါပဲ။
ကိုကိုက သူ့ကို အစစရာရာလိုလေသေးမရှိအောင်ဂရုစိုက်ပေးသည်။ချစ်ပေးသည်။
စကားနဲ့တောင် အနိုင်မယူခဲ့ဖူးချေ။ကြာလာတော့လည်း လူကပိုပြီး ဆိုးနွဲ့ပြီးကလေးဆန်လာခဲ့သည်။အဲ့တာ ကိုကို ဆိုတဲ့လူကြီးကြောင့်!..ကိုကို့ရဲ့ အရိပ်အောက်မှာ ပျော်မွေ့နေပေမယ့် အဖိုးနဲ့မမတို့ကို သိပ်သတိရပါသည်။အဖိုးနဲ့မမက သည်းသည်းလှုပ်ချစ်ပေးခဲ့သည်မဟုတ်လား....။
အဖိုးရဲ့ကျန်းမာရေးအခြေအနေကောင်းလားဆိုတာလည်း သိချင်မိသည်။
စာသင်ပြီးချိန်၌ နေ့လည်စာစားချိန်ပင်ရောက်ရှိနေပြီဖြစ်သည်။
ကိုကို့အတွက်နေ့လည်စာ သွားပို့ရအုံးမယ်လေ။
မညီမညာလိပ်ထားသော ထမင်းလိပ်လေးများကို ဗူးထဲသို့ စီကာထည့်လိုက်ပြီး...စိုက်ခင်းထဲကခူးထားသော လိမ္မော်သီးလတ်လတ်ဆတ်များကို အရည်ညှစ်ကာ လိမ္မော်ရည်ဖျော်ပြီး အလုံပိတ်ဗူးလေးထဲထည့်ကာ ပြင်ဆင်မှုပြီးဆုံးသွားသည်။
သူဒေါ်လေးဆီကနေ သင်ယူထားတာက ထမင်းလိပ်လိပ်နည်းနဲ့ ဖျော်ရည်တစ်ခွက်ဖျော်တတ်ရုံသာ။
ကိုကို့အတွက်ဆိုပြီး သင်ယူထားတဲ့အရာတွေ။
ရှပ်အကျင်္ီအနီရောင် အကွက်ကျဲကျဲကို အပေါ်ကနေထပ်ဝတ်လိုက်ပြီး...ဦးထုပ်အပြန့်ကိုဆောင်းကာ ကိုကိုဝယ်ပေးထားသော စက်ဘီးလေးအား စီးကာထွက်လာခဲ့သည်။
YOU ARE READING
"LAVENDER DIARY"[complete]
Romanceခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။