တစ်ချိန်လုံး လက်ကိုလွှတ်မပေးတဲ့ ကိုကိုဆိုတဲ့လူကြောင့် ထယ်ယောင်းမှာ အခက်တွေ့ရပြန်သည်။
မတော်လို့ အဖိုးတို့မမတို့များရိပ်မိသွားခဲ့ရင်.....။
အဲ့ဒီကိုကိုက သိပ်ကိုရဲတင်းပါသည်။
ထမင်းစားခန်းထဲကထွက်မှ ထယ်ယောင်းမှာ အသက်ဝဝရှုနိုင်တဲ့အဖြစ်။
အပေါ်ထပ်သို့ လေ လေးတချွန်ချွန်နှင့်တက်လာပါသော ကိုကို....
လက်ကနေဆွဲကာ အခန်းထဲထိဆွဲခေါ်ခဲ့ပြီးမှ တံခါးကို Lockချလိုက်သည်။
"ကိုကို!...ခင်ဗျား!...သိပ်ကိုရဲတင်းနေတယ်နော်!...မတော်လို့အဖိုးတို့တွေ့သွားရင်ဘယ်လိုလုပ်မလဲ!!!..."
ဆူသလိုလို မာန်သလိုလိုထွက်လာသည့်Lavenderလေးရဲ့အသံ...။
ကျွန်တော့်Lavenderက မျက်နှာလေးကိုလည်းတည်ထားသေးတာ။
ဒီလူက မင်းဘယ်လိုနေနေ ချစ်ဖို့ကောင်းတယ်လို့မြင်နေမိတော့လည်း အခက်သား။
"ချစ်ဖို့ကောင်းတယ်..."
"ဟမ်...."
ရုတ်တရက်ကြီး ချစ်ဖို့ကောင်းတယ် ဟူ၍ ထပြောသောသူ့ကြောင့် ကြောင်အသွားရသည်။
"ကိုယ့်Lavenderလေးက... ချစ်ဖို့ကောင်းတယ်လို့...."
ရီဝေဝေနှင့်စိုက်ကြည့်ကာပြောလာသော သူ့ကြောင့် နှလုံးခုန်နှုန်းတို့က ပိုမိုမြန်ဆန်လာရသည်။
အခု...ကျွန်တော်က သူ့ကိုဆူနေတာမဟုတ်လား..?
အဲ့တာကို ဒီလူကြီးက တမင်သက်သက်ရင်ခုန်အောင်လုပ်ပြီး လမ်းကြောင်းလွှဲသွားတာ။
သိပ်ကိုလူလည်ကျတဲ့ ကိုကိုပါ။
"အဟမ်း!!!....စကားမလွှဲနဲ့!...အခုက ခင်ဗျားကိုဆူနေတာ! အဲ့တာကြောင့် နောက်ဆို လူကြီးတွေရှေ့ဆိုဆင်ခြင်ပါ!...."
"ဟုတ်ကဲ့ပါခဗျ!...ကိုကို့Lavenderလေးရဲ့ အမိန့်တော်အတိုင်းပါပဲဗျ!!..."
ပြုံးစိစိလုပ်ကာ သူ့ကိုအရိုအသေပြုသလိုမျိုးပြောသည်။
တစ်ဆိတ်လောက်!...အခုကျတော့်ကိုရွဲ့နေတာမလား..?
YOU ARE READING
"LAVENDER DIARY"[complete]
Roman d'amourခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။