"သိပ်ချစ်တယ် ကိုယ့်ရဲ့Lavender..."
သူ၏ဖွင့်ဟ ဝန်ခံမှုအဆုံးမှာ အဆမတန်မြန်ဆန်လာသောနှလုံးခုန်နှုန်းများ..။
မိုးရွာနေသဖြင့်ချမ်းစိမ့်စိမ့်လေတစ်ချက်အဝေ့မှာ ရင်ဘတ်တစ်ခုလုံး ဟာကနဲ။
အေးစက်စက်လက်ဖျားတို့ကိုအကြောင်းမဲ့ပွတ်ချေနေမိသည်။
"ကိုယ့်ကိုသေချာကြည့်..သဲငယ်..."
အို....သူကတော့စကားတတ်တိုင်း နာမ်စားမျိုးစုံပြောင်းခေါ်နေတော့တာပါပဲလေ။
မေးဖျားကနေပင့်မော့ကာ အကြည့်ချင်းစုံစေတော့ အရည်လဲ့နေသည့် မျက်ဝန်းညိုလေးများဖြင့်ဆုံလေသည်။
"ဖြေပါအုံး Lavenderငယ်...ကိုယ့်ကိုချစ်တယ်မလား!..Hmm!...."
မျှော်လင့်ချက်ရောင်ခြည်တွေယှက်ပြေးနေသည့် အဲ့ဒီမျက်ဝန်းတွေကို အဘယ်ကဲ့သို့များ ငြင်းဆန်ရပါလိမ့်...။
အဲ့ဒီအရောင်တောက်တောက်မျက်ဝန်းတွေ ညှိုးငယ်သွားမှာကို ကျွန်တော်ဟာ ကြောက်တတ်နေခဲ့ပြီ။
အဲ့ဒီမျက်ဝန်းတွေကို ကျွန်တော်မလွန်ဆန်နိုင်ဘူးဆိုရင်ပိုမှန်ပါလိမ့်မည်။
"ချစ်...တယ်......"
တိုးတိုးလေးမှ တကယ့်ကိုတိုးတိုးလေးရယ်...။
နှစ်ကိုယ်ကြားရုံမျှဆိုကာ မျက်နှာလွှဲသွားသည့်Lavenderငယ်...။
လူတစ်ယောက်အား "ချစ်တယ်"ဆိုသည့်စကားကို ပထမဆုံးအကြိမ် ဖွင့်ဟဝန်ခံဖူးခြင်းဖြစ်တာကြောင့် ရှက်ရွံ့မိတာကြောင့် မျက်နှာလွှဲမိပြန်ပါသည်။
သူက ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်းမှ နားသယ်စပ်နားထိ ခေါင်းကိုငုံ့ချကာ
"နောက်တစ်ကြိမ်...ထပ်ပြောလို့ရမလား Lavender!..ကိုယ်သေချာလေးအတည်ပြုချင်လို့ပါ..."
သူ့ရဲ့လေငေွ့နွေးနွေးက နားသယ်စပ်ကို လာရောက်ရိုက်ခတ်နေတာကြောင့် နေရတာခပ်ရှိန်းရှိန်း..။
ဒီအခြေနေကြီးကို ရှက်လွန်းလို့ သေတော့မှာပဲ!!
အသက်ကို ဝဝရှူပြီး သူ့မျက်နှာကို တစ်ချက်မှမကြည့်ပါပဲ မျက်လုံးစုံမှိတ်လိုက်ရင်းက....
YOU ARE READING
"LAVENDER DIARY"[complete]
Roman d'amourခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။