သီချင်းအဆုံး၌ ထိကပ်လာတဲ့ သူ့ရဲ့နှုတ်ခမ်းတွေ...
နှုတ်ခမ်းသားပေါ်က ပူနွေးရှိန်းမြတဲ့အထိအတွေ့....
ကျွန်တော်ဟာ ရှက်ရွံ့စွာဖြင့် မျက်လုံးတို့ကိုအားယူ၍ မှိတ်ချလိုက်မိပါသည်။
ငြင်းဆန်၍ ရပါလျက်ဖြင့် ငြိမ်သက်နေမိသော မိမိကိုယ်ကို နားမလည်နိုင်သေးပါ။
ဒါဟာ မဖြစ်သင့်တာမှန်းသိပေမယ့် ရူးမိုက်ချင်နေမိသည်။
ခါးမှဆွဲယူခြင်းခံလိုက်ရပြီးနောက် ပိုမိုနီးကပ်သွား၏။
နှုတ်ခမ်းလွှာကို နူးညံ့စွာစုပ်ယူနေတဲ့အထိအတွေ့...။
တစ်ကယ့်ကို ငြိမ့်ငြိမ့်ညောင်းညောင်းသွားနေခဲ့တာ...။
တဒိတ်ဒိတ်ခုန်နေသော သူ၏ ရင်ခုန်သံခပ်ပြင်းပြင်းကိုလည်း ကြားနေရပါသည်။
သေချာပေါက် ကျွန်တော်တို့ရဲ့ ရင်ခုန်သံတွေထပ်တူကျနေခဲ့တာ...။
အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ လွှတ်ပေးပါသောသူ...။
အခုချိန်မှာ ကျွန်တော့်မျက်နှာဟာ ခရမ်းချဥ်သီးမှည့်ကဲ့သို့ ရဲရဲတောက်နေမှာ မြင်ယောင်ပါ၏။
နှစ်ဦးစလုံးနှုတ်ဆိတ်မိနေကြသည်။
ဒီအခြေအနေကြီးက ကျွန်တော်တို့နှစ်ဦးစလုံးကို နေရခက်စေသည်။
"...Lavender..."
တိတ်ဆိတ်မှုကိုစတင်ဖြိုခွင်းလိုက်သော သူ၏ အသံ....
မေးဖျားကနေ ပင့်မော့စေတော့ ပန်းသွေးရောင်လွှမ်းနေသည့် မျက်နှာလေး...
ကျွန်တော့်ရဲ့Lavenderငယ်လေးရှက်သွားရှာပြီ...။
ငြိမ်သက်နေသော Lavenderငယ်ကြောင့် စိတ်များဆိုးသွားလေသလားဟူ၍ စိတ်ပူရပါသေးသည်။
"ဟို...ကိုယ်လေ...ကိုယ်......."
အချစ်ရေးနှင့်ပတ်သတ်ရင် အတွေ့ကြုံမရှိသူပီပီ ဘယ်ကစပြောရမှန်းတောင်မသိ။ထွက်လာသည့်စကားလုံးများဟာလည်း အထစ်ထစ်ငေါ့ငေါ့....။
"ကိုယ်........."
"သခင်လေး!!...."
ရုတ်တရက်ခေါ်သံကြောင့် ဆက်ပြောမည့် ကျွန်တော်၏ စကားလုံးများဟာ လည်ချောင်းထဲသို့ပြန်ဝင်သွားရသည်။
YOU ARE READING
"LAVENDER DIARY"[complete]
Romantikခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။