ကျောခိုင်းသွားသော ကိုကို၏ ကျောပြင်ကိုကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။
ကိုကိုသူ့ကို စိတ်ခုသွားလေသလား..?
လိုက်ချော့ဖို့ရန်အတွက် မာနတရားဟူသော တံတိုင်းတစ်ခုကစည်းခြားထားပြန်သည်။
ဒီအတိုင်း ကိုကို့ ကို တခြားမိန်းကလေးများငေးကြည့်နေတာကို မကြိုက်လို့ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ အများကြီးအထင်လွဲသွားစေခဲ့ပြီ။
မိမိက သဝန်တိုနေကြောင်းကိုလည်း လိုက်ပြီးမရှင်းပြချင်ပါ။
အခုမှစတဲ့ဇာတ်လမ်းက အဆုံးသတ်သွားပြီလား..?
Kim Taehyungဆိုတဲ့သူက Belinderမှာ အားလုံးရဲ့ဖူးဖူးမှုတ်အချစ်ခံရတဲ့လူသား။
မျက်နှာတစ်ချက်မညှိုးရအောင်အလိုလိုက်အကြိုက်ဆောင်မယ့်သူတွေချည်း။
အငယ်ဆုံးဖြစ်တဲ့သူက အဖိုးတို့ မမတို့အပေါ်ဆိုးနွဲ့သလို ချစ်ရသူအပေါ်၌လည်း အနိုင်ယူမိချင်ပြန်သည်။
နှစ်ယောက်ယှဥ်လိုက်ရင် ကိုကိုကသာ ပိုချစ်တဲ့သူဖြစ်စေချင်တာက သူ့ရဲ့အတ္တ။
အစပဲရှိသေး...ဒီလောက်ဆိုးနေရင် နောက်များဆိုရင် ကိုကိုက စိတ်ပျက်သွားမှာသေချာပါသည်။
အတွေးလွန်တတ်တဲ့အကျင့်အရ ကိစ္စတစ်ခုဖြစ်လျှင်အဆုံးထိတွေးကာ စိုးရိမ်ပူပန်တတ်သည်က ဖျောက်ဖျက်မရတဲ့ ဥာဏ်တစ်ခု။
အခုလည်းတွေးနေမိတာက....
ကိုကိုသာ သူ့ကိုစိတ်ပျက်ပြီး....မမကို ချစ်သွားခဲ့ရင်.....။
ဟင့်အင်း!...အဲ့လိုလုံးဝဖြစ်လို့မရဘူး..
ခေါင်းကိုအတွင်တွင်ခါရမ်းမိလိုက်သည်။
အတွေးနှင့်အတူ ရင်ထဲ၌ ပူလောင်လာပြန်သည်။
လိုက်ချော့ရနိုး မချော့ရနိုး တွေဝေနေစဥ်မှာပင်...ကိုကိုဟာ သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ကိုကို့Lavenderက မာနသိပ်ကြီးပါသည်။
.
.
.
အသွားတုန်းက တက်ကြွနေသလောက်အပြန်၌မူ စက်ဘီးကိုတလှိမ့်ချင်း စိတ်ပျက်လက်ပျက်နင်းနေမိသည်။

YOU ARE READING
"LAVENDER DIARY"[complete]
Romanceခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။