ချစ်ရသူ အတွက် အသက်တမျှ မြတ်နိုးရသည့် Lavenderများအား စွန့်လွှတ်ခဲ့ပါသည်။
ဤလူသာအား ဘာနှင့်မျှနှိုင်းယှဥ်၍မရအောင် သိပ်ချစ်တာမို့။
မိုးစက်မိုးပြောက်တို့ကအပြင်မှာတဖွဲဖွဲ...
ခြံတံခါးဝနားရောက်တော့...
"ယောင်းငယ်!...."
အပြေးလိုက်လာပါသောမမက ဖိနပ်တောင်မပါပါချေ။
"တောင်းပန်ပါတယ် မမက ဘာမှမလုပ်ပေးနိုင်လို့!..."
"မဟုတ်တာပဲ မမရယ်...ကျွန်တော့်လမ်းကိုကျွန်တော်ကိုယ်တိုင်ရွေးချယ်ခဲ့တာပဲလေ..."
မျက်ရည်စများဝေ့သီနေသော မမက
"ရော့....ခုလောလောဆယ်အသုံးလိုမယ်ထင်လို့!..."
မမက လက်ထဲမှာ ကျစ်ကျစ်ဆုပ်ထားသည့် ပိုက်ဆံအချိူ့ကိုပေးလာသည်။
တကယ်က အဝတ်တထည် ကိုယ်တစ်ခုနဲ့ဆင်းလာတာကြောင့် ဘယ်သွားပြီး ဘာလုပ်ရမှန်းလည်းမသိပါချေ။
မမကို တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး နှုတ်ဆက်မိသည်။
ငယ်စဥ်ကတည်းက မမက အမေလိုတစ်မျိုး အမလိုတစ်မျိုးစောင့်ရှောက်လာခဲ့တာ။
"မမ ကျန်းမာရေးဂရုစိုက်နော်!...ကျွန်တော်သွားတော့မယ်...."
"အင်း...ယောင်းငယ်လည်းဂရုစိုက်!...ပြီးတော့ Jungkook shii!...ကျွန်မတို့ယောင်းငယ်လေးကို ရှင့်လက်ထဲမှာ စိတ်ချပါရစေ..."
"စိတ်ချပါ...Roselle...ကျွန်တော်ရဲ့ Lavenderလေးကို မျက်နှာတစ်ချက်မညှိုးစေရပါဘူး...."
ထိုကတိကိုတော့ Lavenderလေး၏ လက်ဖဝါးလေးကို နူးညံ့စွာဆူပ်ကိုင်ရင်းမှ ကတိပေးမိသည်။
ကိုကို့အတွက် မင်းစွန်လွှတ်ခဲ့ရတာတွေထက် ကိုယ်က ပိုသာအောင်ထားပေးမှာပါ ကိုယ့်Lavenderငယ်....။
တရွေ့ရွေ့ဝေးကွာသွားပြီဖြစ်သော ကျောပြင်နှစ်ခု။
သူမြတ်န်ိုးတဲ့အရာတွေကို စွန့်လွှတ်ရတဲ့အထိ ဤကလေးငယ်က ချစ်တတ်နေခဲ့ပါပေါ့လား။
မိုးကတဖွဲဖွဲကျနေသည်။
နှစ်ယောက်သားထီးကလည်းမပါ။
YOU ARE READING
"LAVENDER DIARY"[complete]
Romanceခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။