မနက်ခင်း၌ မျက်လုံးနှစ်လုံးဖွင့်သည်နှင့် အေးစက်၍ လစ်ဟာနေသော နေရာလွတ်တနေရာ...။
ကိုကိုက အိပ်ယာထသွားခဲ့ပြီပဲ။
အိပ်ယာဘေးကစားပွဲခုံပေါ်၌တင်ထားသော စာရွက်အခေါက်ကလေး။
ကိုကို၏ ညီညာသော လက်ရေးလေးတွေ
//Lavenderလေးဝတ်ဖို့ ကိုကိုက ဝတ်စံုလေးထုတ်ပေးခဲ့တယ်...အဲ့ဒီဝတ်စုံလေးကိုဝတ်ပြီးအဆင်သင့်စောင့်နေ!...ခနနေရင်ကိုကိုနဲ့တနေရာသွားရအောင်လာခေါ်မယ်//
ကိုကိုထုတ်ပေးထားသည့်ဝတ်စုံက suitအဖြူရောင်ရိုးရိုးရှင်းရှင်းလေးရယ်။
ကိုကိုနဲ့တနေရာကို လျှောက်ပတ်လည်ရမှာလား..?ဆိုတဲ့အတွေးကြောင့်ပျော်ရွှင်သွားရသည်။ကိုကိုက မိမိကို ပြစ်ထားခဲ့သည်မှာ ကြာပြီမဟုတ်လား!ကိုကို့ကို စိတ်ခုချင်နေတာတောင် ပြေပျောက်သွားရသည်။ကိုကို့ဆီက ဂရုစိုက်မှုပိစိလေးရရင်တောင် လူက ရူးလောက်အောင် ပျော်နေတော့တာ။
တကယ်ပါ...ကိုကို့Lavenderက အချစ်ရူးလေးရယ်ပါ။
ကိုကို ဆိုသည့်လူသားကို ဘယ်လောက်တောင်ချစ်လိုက်ရသလဲ?
ကိုကို့ကို ချစ်ကြောင်း ဖွဲ့သီနေလျှင် ပြီးဆုံးတော့မည်မဟုတ်သောကြောင့် ရေမိုးချိုးရန်လုပ်ရတော့သည်။
ကိုကိုက အပြင်ဘက်က ရေတွင်းမှာချိုးတာမကြိုက်ဟုဆိုကာ အတွင်းဘက်၌ ရေအဆင်သင့်ခပ်ပေးထားခဲ့တာကြောင့် အဆင်သင့်ချိုးရုံသာ။
အဲ့ဒီကိုကိုက သိပ်ကိုသဝန်တိုလွန်းနေတာ။
ရေချိုးသန့်စင်ပြီးတော့ ကိုကိုစီစဥ်ပေးသည့်ဝတ်စုံကိုဝတ်လိုက်တော့ ကွက်တိကျကာ အဆင်ပြေလွန်းလှသည်။
ရေစတို့ဖြင့်စိုစွတ်နေသည့်ဆံနွယ်တို့ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ဖြီးသင်ပြီးနောက် ပြင်ဆင်မှုပြီးဆုံးသွားသည်။
ကိုယ်က မိန်းမသားများလို နှုတ်ခမ်းနီပါးနီ ခြယ်စရာမလိုတာကြောင့် ရိုးရှင်းစွာပင် ပြင်ဆင်လို့ပြီးဆုံးသွားသည်။
ကိုကိုလက်ဆောင်ပေးထားသည့် Lavenderရေမွှေးကို ဖျန်းစွတ်လိူက်တော့ ခပ်သင်းသင်းရနံ့လေးကြောင့်စိတ်ကြည်ရသည်။
YOU ARE READING
"LAVENDER DIARY"[complete]
Romansaခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။