ဒီနေ့က holidayဖြစ်တာကြောင့် ကျောင်းသွားရန်မလိုပေ။
အစောကြီးနိုးနေသည်ဆိုတာထက် ကောင်းမွန်စွာမအိပ်စက်ရသေးတာဆို ပိုမှန်ပါလိမ့်မည်ေ။
တစ်ညလုံးတွေးမိနေတဲ့ ထိုလူ့အကြောင်း....။
အခုကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုမည်ကဲ့သို့အမည်တပ်ရမည်ဆိုတာ မသိပါ။
ထိုလူဟာ အဘယ့်အတွက်ကြောင့် ဤကဲ့သို့ပြုမူနေပါသနည်း....?
လိုတာထက်ပိုပြီး အကြင်နာရိပ်ဝေ့နေခဲ့တဲ့သူ၏ မျက်ဝန်းတောက်တောက်တွေရယ်...ပိုင်စိုးပိုင်နင်းပြုမူတတ်သည့်သူ၏အပြုမူတွေကို ကျွန်တော်ဟာ တိတ်တခိုး သဘောကျနေမိပြီမဟုတ်ပါလား...။
ကြည်နူးရိပ်သန်းလာသည့်အတွေးများ၏နောက်ကွယ်တွင်မူ...ထိုသူဟာ ကျွန်တော့အစ်မနှင့်လက်ထပ်ရမည်သူဆိုသောအသိက ကြီးစိုးလာပြန်သည်။
သူဟာ ကျွန်တော့ကို ကစားနေသလား?
သူ့မျက်ဝန်းတွေနဲ့တစ်ချက်အကြည့်စုံတိုင်း အားအင်ချိနဲ့သွားသလို....။
သူ့အကြည့်စူးစူးတွေမှာ ကျရှုံးဖို့ရာ ယိုင်နဲ့နေခဲ့ပြီ...။
ကျွန်တော်ဟာ...မျိုးတူ ပုရိသများအား
စိတ်ဝင်စားသူမဟုတ်ပါသော်လည်း...ထိုသူ့အပေါ်၌မူ ထူးခြားစွာတိမ်းညွတ်ချင်နေသည်။"ဒေါက်!......ဒေါက်!......"
အခန်းအပြင်က ထွက်ပေါ်လာသည့်တံခါးခေါက်သံကြောင့် တံခါးသွားဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က....
"Hello!!...Lavender!....morning!...."
ဖောဖောသီသီပြုံးပြကာ နှုတ်ဆက်လာပါသောထိုလူ....
အခုသူက "morning"လို့နှုတ်ဆက်ဖို့ လာခဲ့တာလား..?
"ဘာကိစ္စလဲ!!!!...."
ခပ်ပြတ်ပြတ်အမေးရှိလာသော Lavenderဟာ ညင်သာမနေပါချေ။
အခုမှအိပ်ယာကထလာပုံရတဲ့ Lavenderလေးဟာ ဆံပင်များဟာလည်းရှုပ်ပွပွနှင့် တစ်မျိုးချစ်စဖွယ်ကောင်းနေပါသေးသည်။
"ကိုယ့်ကို စိုက်ခင်းတွေဆီလိုက်ပြဖို့ Lavenderလေးကို အကူညီတောင်းချင်လို့!..."
YOU ARE READING
"LAVENDER DIARY"[complete]
Romantizmခရမ်းရောင်လာဗင်ဒါတွေက သိပ်ကိုတော်ဝန်ဆန်လွန်းတယ်...။