first kiss

1.5K 164 13
                                    

ညစာစားဝိုင်းမှ စ၍ Lavenderလေးအား နောက်တစ်နေ့၌ မအရိပ်အယောင်တောင်မမြင်ရချေ။

အိမ်တော်ထိန်းကြီးကိုမေးကြည့်တော့ Lavenderလေးကျောင်းအစောကြီးထ သွားကြောင်းသိရတော့သည်။

ညစာစားဝိုင်းမှာ သိသိသာသာပျက်ယွင်းနေတဲ့Lavenderလေးရဲ့မျက်နှာ....

ဘာတွေကိုများ ရွှေစိတ်တော်ညှိုးနေသလဲ...Lavenderရယ်...

ထမင်းဟင်းကိုလည်းတို့ထိရုံမျှသာစားပြီး...တစ်ချိန်လုံးနှုတ်ဆိတ်နေခဲ့တာ...။

Lavenderရဲ့ ပင်ကိုသဘာဝကပင် စကားနည်းတတ်သူလားဆိုတာ အသေချာမသိနိုင်ပါ။

လေ့လာရအုံးမယ့် Lavenderရဲ့ ဒဿနိကတွေက သိပ်ကိုများလွန်းတယ်...

အဖိုးKimက မိမိနှင့် Roselleကို ရင်းနှီးအောင်နေခိုင်းထားသော်လည်း...မျက်လုံးချင်းစုံအောင် မကြည့်ဖြစ်ကြသည့်အပြင် စကားပင် ဆယ်ခွန်းပြည့်အောင် မပြောဖူးသေး...။

Roselleဆိုသည့် မိန်းကလေးကလည်း မိမိအား စိတ်ဝင်စားဟန်မပြပါချေ။သူမလည်း ကိုယ့်လိုပဲ ထင်ပါရဲ့...။

Rubyကတော့ Roselleနှင့်အတော်လေးပင်ရင်းနှီးနေဟန်ရှ်ိပါသည်။

Lavenderမရှိတဲ့အချိန်မှာ သိပ်လှပါသည်ဆိုတဲ့ Belinderရဲ့အလှပကိုတောင်မခံစားနိုင်တော့...။

စာအုပ်ဖတ်လိုက်...ခြံဝန်းထဲလျှောက်ကြည့်လိုက်ဖြင့်သာ အချိန်ဖြုန်းနေရသည်မှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်။

နေ့လည်စာစားပြီးသော် ခြံဝန်းထဲ၌ စားပွဲခုံများချကာ dessertအချို့ကို စီစဥ်ပေးသည်။

အဖိုးKIMက ကျွန်တော်နှင့် Roselleအား နီးစပ်စေရန် အားကြိုးမာန်တက်လုပ်ဆောင်နေတော့တာပါပဲ...။

အနက်ရောင်ခပ်ကောက်ကောက်ဆံနွယ်အရှည်တွေနဲ့ သွားအစွယ်လေးတွေပေါ်အောင်ရီမောတတ်တဲ့Roselleဟာ ရိုးရိုးယဥ်ယဥ်လေးဖြင့်လှပါသည်။

သို့ပေမယ့် ရယ်မောလိုက်ရင် လေးထောင့်ဖြစ်သွားတတ်သည့် နှုတ်ခမ်းတစ်စုံရဲ့ပိုင်ရှင်ကိုတော့ မမှီပါ....။

ဖြူဖြူသွယ်သွယ်လေးဖြင့်လှသော Roselleထက် ညိုလဲ့လဲ့အည်ိုစင်လေးကိုသာ ပို၍မြတ်နိုးပါသည်။

"LAVENDER DIARY"[complete]Where stories live. Discover now