၁ ။

14.5K 591 13
                                    

[Unicode]

(၁) ယုန်ပေါက်လေး၊ မင်းဆက်ပြီး ခိုးနေမယ်ဆိုရင် ကိုယ် ဝတ်စရာ အင်္ကျီ မကျန်တော့ဘဲ နေမယ်နော်။

"သခင်လေးထု လွန်ခဲ့တဲ့နှစ်ဝက်က ပျောက်သွားတော့ ငါ တအားစိုးရိမ်နေရတာ၊ ငါ့ဖုန်းတွေလည်းမကိုင် စာတွေလည်းဘယ်တော့မှမပြန်ဘူးလေ"

"ငါအဆင်ပြေပါတယ်လို့ မပြောခဲ့ဘူးလား?"

"ဒါဆိုလည်း ငါစိုးရိမ်မနေတော့ဘူး‌"

ရှန်ဖေးက ထုယန်ကိုပတ်ကာ အသေအချာနှံ့နှံ့စပ်စပ် စစ်ဆေးနေလေသည်။

"မင်း ကုမိသားစုက အဲမသန်မစွမ်းနဲ့ ကွာရှင်းပြီးပြီလား? ရှင်းရှင်းလင်းလင်း လမ်းခွဲတာဖြစ်ရမယ်နော်၊ နောက်ပိုင်းပြဿနာတွေ မချန်ခဲ့နဲ့"

ထုယန် ဘား‌ရှိ ဆိုဖာအကွေးတွင် ခြေထောက်များ ထောင်လျက် လှဲနေကာ လက်ထဲတွင် ဝိုင်တစ်ခွက်ကိုင်ထားသည်။ သူ အထဲရှိ ဝေ့ဝဲနေသော အရည်ကိုသာ ကြည့်နေသော်ငြား မသောက်ပေ။ သူ "မသန်မစွမ်း" ဆိုသည့်စကားလုံးကြားချိန် မျက်ခုံးများ အလိုလို တွန့်ချိုးမိသွားသည်။ သူ မသိစိတ်မှစေ့ဆော်မှုအရ ခွန်းတုံ့ပြန်လိုက်မိသည်။
"မသန်မစွမ်း မဟုတ်ပါဘူး၊ ခြေထောက် ‌တစ်ဖက် ပြဿနာနည်းနည်းရှိရုံ-"

သူ့ဘေးရှိ လူက အကြည့်ရွှေ့လာသည်။ ထုယန် ရှင်းပြနေရင်းတန်းလန်း ပါးစပ်ပေါက်ပိတ်လိုက်သည်။
"အင်း ငါတို့ကွာရှင်းလိုက်ပြီ"

တစ်ဖက်ခြမ်းတွင် ထိုင်နေသည့် ကွမ်းနန် က မခံမရပ်နိုင်အကြည့်မျိုးဖြင့် ပြောလေ၏။
"မင်းအဖေကလည်း မူးနေတာပဲ၊ ကုမ္ပဏီက ပြိုမလဲသေးတာကို အကြွေးပေးဖို့အတွက် သူ့သားကိုရောင်းဖို့ စိတ်အားထက်သန်နေတာ"

သူ့ဘေးရှိလူကလည်း သံယောင်လိုက်၏။

"အဓိကက မင်းအဖေက သိပ်တာဝန်မဲ့လွန်းပြီး မရွေးချယ်ချင်တာလေ၊ ကမ္ဘာပေါ် alpha သန်းချီရှိတာကို ဘာကြောင့်များ ကုမိသားစုက အဲမသန်မစွမ်းကို သဘောကျသွားရတာပါလိမ့်၊ အဲမသန်မစွမ်းက အရမ်းရုပ်ဆိုးတာလို့ကြားဖူးတယ်၊ pheromone အဆင့်ကလည်း နိမ့်တယ်၊ လမ်းလျှောက်ရင် ချိုင်းထောင့်တောင် လိုတယ်တဲ့၊ အိုက်ယား မင်းတို့ထဲကများ သူ့ကိုတွေ့ဖူးကြသေးလား?"

အကန့်အသတ် ပိုင်ဆိုင်မှုWhere stories live. Discover now