၉ ။

1.6K 254 4
                                    

[Unicode]

(၉) ရှင်းမပြတတ်စွာ မလုံမလဲဖြစ်၍ ကုချန်းပိုင်အင်္ကျီလက်ကို ဆုပ်ကိုင်

ထုယန်ကုချန်းပိုင်​ရှေ့တွင် သူ့တဇွတ်ထိုးဆန်မှုအ​ပေါ်အမြဲအံ့သြမိသည်။ သူ ကုချန်းပိုင်ကိုမ​တွေ့ခင်ကဤကဲ့သို့က​လေးဆန်ဆန်​ဒေါသထွက်မှုမျိုးဖြစ်ရန်ခဲယဥ်း၏။

သူလူအများစုကို​အေးတိ​အေးစက်သာဆက်ဆံပြီး တခြားသူများနှင့်ဘယ်​တော့မှရင်းနှီးသည့်သူငယ်ချင်းဆက်ဆံ​ရေးမပြုလုပ်​ပေ။ ထို့​ကြောင့်အပြင်​လောကမှ သူ့အ​ပေါ်အကဲဖြတ်မှုကလည်းအင်မတန်ကိုတညီတညွတ်ထဲကျသည်။ ​ကောင်းသည့်ဘက်ခြမ်းတွင် သူသည်အနုပညာဆန်​သော လိုက်စားမှုရှိပြီး အဆိုးဘက်ခြမ်းတွင်​တော့သူက ပေါင်းသင်းဆက်ဆံရန် ခဲယဥ်းကာဘဝင်မြင့်ပြီး တခြားသူများအပေါ်အထင်​သေးတတ်သူ။

ကုချန်းပိုင်ကလွဲ မည်သူကမှသူ့ကိုချီးကျူးရန် "ချစ်စရာ" ဆိုသည့်စကားလုံးမသုံး​ပေ။
ကုချန်းပိုင်က သူသည်ယုန်​ပေါက်​လေးနှင့်ဆင်​ကြောင်းပြော​ပုံကို အမြဲ​တွေးကြည့်မိသည်။ တခြားတစ်​​စုံတစ်ယောက်သာ​ပြောပါက သူ​ဒေါသ​ပေါက်ကွဲပြီးထို​နေရာတွင်ပင် တစ်ဖက်လူနှင့်ရန်ဖြစ်လိမ့်မည်။ သို့​သော်ငြား ကုချန်းပိုင်​ပြောချိန်တွင်​တော့သူ့နှလုံးသားတဒုတ်ဒုတ်ခုန်​နေသည်ဟုခံစားမိ၏။ သူ့ကို​ဖောက်ထွင်းမြင်သွားသည့်ပမာ တစ်ဖက်သို့ အလျင်စလိုလှည့်ကာ ကုချန်းပိုင်သူ့အားအမြတ်ထုတ်ခြင်းမှကာကွယ်ရန်  မျက်နှာဖုံးတပ်တတ်သည်။

ကုချန်းပိုင်  သူ့ကိုဆက်ဆံသည့်ပုံသည် အတိုင်းအတာရှိပုံမ​ပေါ်​ချေ။ ထုယန် နား​ဝင်ဆိုးသော စကားအချို့​ပြောခဲ့သည့်တိုင် ကုချန်းပိုင်က သူ့ကိုညင်သာစွာပြုံးပြ​နေဆဲပင်။ သူမှတ်မိပါ​သေး၏။ တစ်ခါကကုချန်းပိုင် ထုယန်အား ဧည့်ခန်းထဲတွင်​ ဆေးရုံရှိဇာတ်လမ်းအမျိုးမျိုး​အကြောင်း ပါဝင်သည့် မှတ်တမ်းတင်ရုပ်ရှင်ကားကြည့်ရန်အ​ဖော်ပြု​ပေး​နေသည်။ အပိုင်းတစ်ခုတွင် အဓိကဇာတ်လိုက်သည် ခြေလက်အဖြတ်ခံထားရသည့်လူနာဖြစ်သည်။ တစ်ဝက်ကြည့်ပြီးသည့်နောက် ထုယန် ပြဿနာကိုမသိ​သေးဘဲ လူနာများထဲမှတစ်​ယောက်၏ ​ခြေတုများထဲမှတစ်ဖက်ကို​ဝေဖန်လိုက်သည်။

အကန့်အသတ် ပိုင်ဆိုင်မှုWhere stories live. Discover now