၁၃ ။

1.6K 234 12
                                    

[Unicode]

(၁၃) ကိုယ့်ကိုယုန်ကလေးလေးပေးလေး ဟုတ်ပြီလား။

Omegaများ၏ heat ကာလသည် တုပ်ကွေးမိနေသကဲ့သို့ဟု ဆိုကြသည်။ အဖျားက တောင်ပေါ်မှလိမ့်ဆင်းလာသလိုမျိုး ရောက်လာသည့်တိုင် ဆေးသောက်ပြီးလျှင် သက်သာသွားလိမ့်မည်။ သို့သော်ငြား Alpha များ၏ rut ကာလကတော့ ကွဲပြားသည်။ သူတို့က အမူးအရူးအရက်သောက်ခြင်းကြောင့် နှလုံးသားများကိုဖျက်ဆီးပြီး စိတ်ဝိညာဉ်ကို ထိခိုက်စေသည်နှင့်ပိုတူသည်။ လူတစ်ယောက် မူးနေချိန် လောကကြီးသည် ဇောက်ထိုးမိုးမျှော်ဖြစ်ကာ နိုးလာပြီးနောက် ဘာမှသတိမရတော့ပေ။ rut ကာလအတွင်း အချိန်ဥပဒေဆိုသည်မှာ မရှိ။ ရုတ်တရက် ဘယ်ချိန်၊ ဘယ်နေရာဆီမှ ရောက်လာမလဲမသိသလို ဘာရလဒ်သယ်ဆောင်လာမည်လဲ မသိကြချေ။

ထုယန် ထိုနေ့က ကုချန်းပိုင် ဗီလာအတွင်း ပေါ်မလာခဲ့သင့်။

ထူးဆန်းသည်ဟုလည်း ပြောရမည်။ ထုယန်သည် မိဘများထံမှ အင်မတန်စောစောစီးစီး တသီးတခြားနေခဲ့ရသည်။ အထက်တန်းကျောင်း ၆နှစ်၊ တက္ကသိုလ် ၄နှစ်။ ထို့နောက်တွင် ရုပ်ရှင်ရိုက်ကူးရေးကြောင့် သုံးနှစ်တိတိ အမြဲဟိုပြောင်းရွှေ့ဒီပြောင်းရွှေ့လုပ်နေခဲ့ရသည်။

လက်ထပ်ချိန်မှ ကွာရှင်းချိန်ထိ စုစုပေါင်း နှစ်ဝက်သည် ထုယန်၏ဘဝအတွေ့အကြုံအရ အင်မတန်ရှည်လျားသော ကာလဟု မသတ်မှတ်နိုင်။

သို့သော်ငြား သူ ထိုနေ့က ဗီလာထဲ ဝင်လာခြဲချိန် အပြင်လောကနှင့် ဖြတ်တောက်ခံလိုက်ရသလို အမှန်တကယ် ခံစားလိုက်ရသည်။ ဒီနေရာတွင် သူ့ တစ်ဘဝလုံး ကုချန်းပိုင်နှင့် ဖြတ်သန်းခဲ့သည့်အတိုင်းပင်။ ဒီအိမ်၏ အစိတ်အပိုင်းတိုင်းသည် သူ့ကို အတိတ်အားတတသဖြစ်စေမိသည်။ ဖြစ်ချင်တော့ ဒီခံစားချက်သည် အဆုံးတွင် စိတ်ခံစားမှုများ လျှံထွက်ကျလာမှုသာ ဖြစ်ချေသည်။ လက်တွေ့ကတော့ မနေ့က နေ့လယ်ခင်းတွင် သူနှင့်ကုချန်းပိုင်သည် ကွာရှင်းစာချုပ်ယူရန် အရပ်ဘက်ရေးရာဗျူရိုဆီ သွားခဲ့ကာ ပတ်သတ်မှုမရှိဆုံး လူသားနှစ်ယောက် ဖြစ်သွားခဲ့ချေပြီ။

အကန့်အသတ် ပိုင်ဆိုင်မှုWhere stories live. Discover now