၁၂ ။

1.6K 216 6
                                    

[Unicode]

(၁၂) ခင်ဗျား ကျွန်တော့်ကို ကြိုက်နေသေးတယ်ဆိုရင် ကျွန်တော် ခင်ဗျားကို အထင်သေးရလိမ့်မယ်။

ထုယန် အနည်းငယ်နောင်တရသွားသည်။ သူ ကုချန်းပိုင်အား ထိုမျှ စိတ်လက်မာန်ပါ မဖက်လိုက်မိသင့်ပေ။

သူ ယခု ကုချန်းပိုင်ပေါ် မှီနေကာ ဖက်ထားမှုကို မဖြေလျှော့မိသလို တင်းတင်းလည်း မဖက်ထားမိချေ။ ကုချန်းပိုင်၏ သစ်သားရနံ့ကြောင့် မူးဝေဝေ ခံစားနေရရုံသာဖြစ်၏။ သူ ဖြည်းဖြည်းချင်း အနောက်သို့ရွှေ့မည့်ဆဲဆဲ ကုချန်းပိုင်က သူ့ခါးနောက်ကိုဖိကာ ချုပ်ဖမ်းထားလေသည်။

"မင်းကိုခဏလောက် ဖက်ခွင့်ပြုထားပေးပါ၊ ကိုယ် ဘယ်ချိန်ကျမှ နောက်တစ်ကြိမ် ဖက်ခွင့်ရမလဲ မသိဘူးလေ"


ကုချန်းပိုင်က ထုယန်ကို သူ့ရင်ခွင်ထဲ ထည့်ထားသည်။ ထုယန် မရုန်းကန်သည်မှာ ရှားလှ၏။

နဂိုတုန်းက ထုယန် ကုချန်းပိုင်ဘေးတွင် ထိုင်ကာ သူ့ကိုဖက်ရန် တမင်သက်သက် ထောင့်အနေအထားတစ်ခုဆီ ပြောင်းခဲ့သည်။ သို့သော်ငြား သူ့ခါးကို လိမ်ထားရင်းကနေ မသက်မသာဖြစ်လာသည်။ သူ အနည်းငယ် လှုပ်လိုက်ရုံရှိသေး ကုချန်းပိုင်က သူ့ခြေချင်းဝတ်ပေါ်ကိုင်ကာ ပေါင်ပေါ် ထိုင်လို့ရအောင် ခြေထောက်များကို ကားလိုက်သည်။

ဒီလောက်တောင် ပွတ်သီးပွတ်သပ်ဖြစ်နေသည့် ကိုယ်နေဟန်ထား။ ထုယန် တစ်ခဏတာ မတုံ့ပြန်မိခဲ့ချေ။

သို့တိုင် ထွေထွေထူးထူး ဆန်းပြားသည်ဟုလည်း မခံစားရ။

တကယ်တော့ သူနှင့်ကုချန်းပိုင်လှမ်းသည့် ခြေလှမ်းတိုင်းသည် အင်မတန်ထူးဆန်းသည်။ သူတို့စတွေ့ချိန် လက်ထပ်ခဲ့ပြီး၊ အတူတူ‌စနေချိန် ကွာရှင်းမှုသဘောတူညီချက် လက်မှတ်ထိုးခဲ့ကာ တစ်လကြာအတူတူနေပြီးနောက် နမ်းခဲ့၊ နှစ်လအကြာတွင် ဖက်ခဲ့သည်။

ဒီပွေ့ဖက်ထားမှုက အနည်းငယ်ထူးဆန်းသော်ငြား မထင်မှတ်ထားစွာပင် ထုယန်သည် သူ မငြင်းဆန်မိမှန်း နားလည်သွားခဲ့သည်။

အကန့်အသတ် ပိုင်ဆိုင်မှုWhere stories live. Discover now