၅ ။

2K 277 12
                                    

[Unicode]

(၈) ကုမိသားစုအိမ်တွင်နေသည့် တတိယမြောက်နေ့

ကုမိသားစုအိမ်တွင်​နေသည့်တတိယ​​မြောက်​နေ့

"လျှို့ဝှက် လက်ထပ်စာချုပ်ယူမယ်၊ ဘာပွဲအခမ်းအနားမှမကျင်းပဘူး၊ ဒီအ​ကြောင်းဘယ်သူ့ကိုမှ ​ပေးမသိဘူး၊ ပြီး​တော့ ကျွန်တော် ကုမိသားစုအိမ်က​နေ​ပြောင်းချင်တယ်၊ ခင်ဗျားမိဘ​တွေအစ်ကိုရယ်နဲ့မ​နေချင်ဘူး"

ထုယန်ထို​တောင်းဆိုမှုများပြုလုပ်ပြီး​​နောက် အငြင်းခံရရန် အသင့်ပြင်ထား​နေခဲ့၏။ သို့​သော်ငြားကုချန်းပိုင်သည် စက္ကန့်အနည်းငယ်သာ စဥ်းစားပြီး​နောက် သ​ဘောတူလာသည်။ ထုယန် ​ကြောင်အမ်းသွားခဲ့သည်။

"တကယ်လား"

ကုချန်းပိုင် လက်ထဲမှစာအုပ်ကိုချကာ ​မော့ကြည့်လာသည်။
"ဒါ​ပေါ့၊ မင်းရဲ့​တောင်းဆိုမှုက အ​တော်​လေးကို​ကောင်းတယ်လို့ ကိုယ်ထင်တယ်"

ကုချန်းပိုင် တစ်စုံတစ်​ယောက်ကိုကြည့်လျှင် သူသည်အမြဲအာရုံစူးစိုက်ပြီး အကြည့်ချင်းဆုံတတ်သည်။ ထုယန်အကြည့်ခံရ၍ အနည်းငယ် ပျာယာခတ်သွားခဲ့၏။ သူ​ခေါင်းကိုငုံ့ပြီး သူ့ဖုန်းနှင့် ကစားချင်ဟန်​ဆောင်ကာ ​ပေါ့ပါးသည့်ပုံစံဟန်​ဆောင်လိုက်သည်။
"ဒါဆိုခင်ဗျား​​ရော ဘာ​တောင်းဆိုမှု​တွေရှိလဲ၊ ကျွန်​တော့်ကို​ပြောလို့ရတယ်"

"ဒါဆို ကိုယ်လည်း​တောင်းဆိုမှု​တွေလုပ်လို့ရတယ်​ပေါ့"
ကုချန်းပိုင်အပြုံးတစ်ပွင့်နှင့်​ပြောလာသည်။

ကုချန်းပိုင် ​လေသံကိုသ​ဘော​ပေါက်သွားပြီး ထုယန် ကုမိသားစုအိမ်​စေ​များ တိတ်တဆိတ်​ပြောခဲ့သည့်အရာကို သတိရသွားခဲ့​တော့သည်။
"ဒီဆယ်လီ​လေးက သိပ်ကိုမာနကြီးလွန်းတယ် သူ့အ​ဖေအ​ကြွေး​တွေကိုဆပ်​ပေးဖို့ ဒီကိုလွှတ်လိုက်တာ အသိသာကြီးဆို​ပေမဲ့ ဒုတိယသခင်​လေးကပဲ အ​ကြွေးသန်းရာချီတင်​နေသလိုမျိုး ဒုတိယသခင်​လေးကို တ​စ်နေကုန် ​ဝေဖန်ပြီးခိုင်း​စားနေတာ"

အကန့်အသတ် ပိုင်ဆိုင်မှုWhere stories live. Discover now