[Unicode]
(၁၃) မင်းကလည်း တစ်စုံတစ်ယောက် မြတ်နိုးရတဲ့ ကလေးပါ
ကုချန်းပိုင်၏ စကားလုံးများ နားထောင်ပြီးနောက် ထုယန်နှလုံးသားထဲတွင် ဓါးထိုးခံရသည့်အတိုင်း ခံစားရကာ ချဥ်စူးထုံထိုင်းသွားလေ၏။ နာကျင်မှုသည် စက္ကန့်အနည်းငယ်အကြာတွင် နောက်တစ်ကြိမ်ပြန်ပေါ်လာကာ သွေးမထွက်ဘဲ နာကျင်ရပါ၏။
သူ့ခြေလှမ်းများရပ်သွားကာ ကော်လံပေါ်မှကြယ်သီးကိုဖြေးဖြေးချင်းတပ်၍ လှေကားထောင့်တွင် မတ်တပ်ရပ်နေလိုက်သည်။ ထို့နောက်အသက်ပြင်းပြင်းရှူပြီးမှ အောက်ထပ်ဆင်းလာကာ တံခါးအားတွန်းဖွင့်လိုက်သည်။
သူ့ခြေထောက်ကြားရှိ သူစိမ်းဆန်သော ပြောင်တင်းသည့် အတွေ့အထိသည် မပျောက်ကွယ်သွားသေးဘဲ ခြေထောက်လက်ထောက်များအားလုံးပျော့ခွေနေသည်။ စတီယာရင်ဘီးပေါ်မှီရင်း သူ ထိုနေရာတွင် တိတ်ဆိတ်စွာနေနေလေ၏။ သူ ကားအား အကြိမ်ရေတစ်ချို့ စချင်သည့်တိုင် လက်ကိုပြန်ရုတ်လိုက်သည်။ သူ ကုချန်းပိုင်အားအကြောင်းအရင်းမရှိအမြဲတွေးမိကာ သူအိပ်ခဲ့သည့်နည်းလမ်းနှင့်ပတ်သက်၍စဥ်းစားမိပြီး နှလုံးသားထဲတွင် အနားမရမှုများဖောင်းပွလာ၍ ကားရေဒီယိုမှ သီးချင်းကိုဖွင့်လိုက်သည်။
သီချင်းအားလုံးကို နာမည်အကြီးဆုံးသီချင်းများအတိုင်း သူ့လက်ထောက် USB ထဲ ဒေါင်းပေးထားခြင်းဖြစ်သည်။ ထုယန် အကြိမ်အနည်းငယ်နှိပ်ပြီးနောက် နူးညံ့သော အချစ်သီချင်းတစ်ပုဒ်နှင့်တိုးသွားခဲ့သည်။
သို့သော်ငြား သူသီချင်းမပြီးခင်တစ်စုံတစ်ယောက်က ရုတ်တရက်ဖုန်းခေါ်လာလေသည်။ ထုယန် အေးဂျင့်ဟုထင်သွားကာ ကိုင်တော့မည့်ဆဲဆဲ ဖုန်းခေါ်ဆိုသူနာမည်ကိုမြင်လိုက်ရ၍ စခရင်ပေါ်ဝေ့ဝဲနေသည့်လက်ချောင်းက တိကနဲရပ်သွားခဲ့သည်။ သူသီချင်းကိုပိတ်ကာ အပြင်မှလေအေးအနည်းငယ်ဝင်လာစေရန် ပြတင်းပေါက်မှန်ချလိုက်သည်။ သူ တည်ငြိမ်အေးဆေးမှသာလျင် ဖုန်းကိုင်လိုက်၏။
YOU ARE READING
အကန့်အသတ် ပိုင်ဆိုင်မှု
Romance限时占有 by 杳杳一言 [Myanmar Translation] Status : 34 Chapters + 4 Extras "ခင်ဗျား ဘာလို့ ကျွန်တော့်ကို လက်ထပ်ချင်တာလဲ" "ကိုယ်မင်းကို သဘောကျလို့လေ၊ တိတိကျကျပြောရရင် မြင်မြင်ချင်းအချစ်ပေါ့" *I have read the raws and I can assure that there are lots of swee...