၁၄ ။

4K 331 41
                                    

[Unicode]

(၁၄) ခင်ဗျား rut ကာလကို ဖြတ်ကျော်ဖို့ ဘယ်တော့မှ ကူညီပေးမှာမဟုတ်

အနုပညာနယ်ပယ်သတင်းများ ပျံ့နှံ့သည့်နှုန်းသည် အတွေ့အကြုံနှစ်ချီမကြာသေးသော မန်နေဂျာအား အံ့ဩမှုဖြင့် အနည်းငယ် မင်သက်စေခဲ့သည်။

သူမ ကုမ္ပဏီထံ ဖုန်းဆက်နေစဉ် လုတစ်ယော်က ကင်မရာတစ်လုံးဖြင့် ဆေးရုံအောက်ထပ်တွင် ဆောင့်ကြောင့် ထိုင်နေချေပြီ။ မန်နေဂျာမှာ ကိုင်တွယ်ရန် ဆေးရုံတာဝန်ရှိသူနှင့် ချက်ချင်းသွားရတော့သည်။ ဆိုးဆိုးဝါးဝါး သွေးပျက်ကာ သူမ ထုယန်အား အရေးပေါ်ထွက်ပေါက်ဆီမှ ခေါ်ထုတ်သွားရန် ပြင်လိုက်သည်။ သို့သော်ငြား ကုမ္ပဏီရှိ လုပ်ဖော်ကိုင်ဖက်ထံမှ ဖုန်းဝင်လာကာ အားလုံးကို ဖြေရှင်းပြီးကြောင်းနှင့် နာမည်ကြီးရှာဖွေမှုစာရင်းထဲမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ပြောပြလာသည်။ ဆေးရုံအောက်ထပ်ရှိ ပါပါရာဇီကိုလည်း ရှင်းပြီးချေပြီ။


မန်နေဂျာမှာ ကြောင်အမ်းသွားသည်။
"ဘယ်သူ ဖြေရှင်းလိုက်တာလဲ"

"ဟွားရှန့် ကုမိသားစု"

"ဘာ"

လုပ်ဖော်ကိုင်ဖက်လည်း ဇဝေဇဝါဖြစ်နေချေသည်။
"သူတို့က ရုတ်တရက် ဖုန်းဆက်ပြီး ဖြေရှင်းစရာကိစ္စအားလုံးကို သူတို့ဆီလက်လွှဲပေးဖို့ ငါတို့ကို ပြောတယ်၊ ရလဒ်ကတော့ လူတွေရဲ့ အမြင်ကို မိနစ်နည်းနည်းလေးနဲ့ ထိန်းချုပ်လိုက်နိုင်တာပဲ၊ အခုဆို ဒီခေါင်းစဉ်အကြောင်း ရှာလို့တောင်မရတော့ဘူး၊ ပိုက်ဆံတော်တော်သုံးထားတာပဲဖြစ်ရမယ်၊ မင်း ထုယန်ကိုမေးသင့်တယ်၊ သူ့မှာ ကုမိသားစုနဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံကေးရှိလားဆိုတာ"



"မရှိလောက်ပါဘူး၊ သူက ကုချောင်ချန်ကိုတောင် မမှတ်မိပုံပဲဟ"

"အဲဆိုထူးဆန်းတယ်‌"

"ထုယန်က ဟွားရှန့်ရဲ့ ကိုယ်စားလှယ် ဖြစ်လို့များ..." 


"အကောင်ကြီးကြီးတစ်ယောက်က ဆယ်လီတစ်ယောက်အတွက် ရည်းစားသညှာ ကောလဟာလကို အလောတကြီးရှင်းပေးတာ မြင်ဖူးလို့လား"

You've reached the end of published parts.

⏰ Last updated: Nov 23, 2022 ⏰

Add this story to your Library to get notified about new parts!

အကန့်အသတ် ပိုင်ဆိုင်မှုWhere stories live. Discover now