[Unicode]
(၁၁)သူ့ဘက်မှစတင်မှုသည် စကားလုံးတိုင်းကို အနိုင်ရယူသွားခဲ့
လက်ထပ်ပြီးနောက်ထုယန် လက်ထဲရှိအလုပ်အားလုံးကိုရပ်ခဲ့သည်။
အကြောင်းအရင်းမရှိသည်တော့မဟုတ်ပေ။ ရှင်းပြရမည်ဆိုလျှင် ဒီကိစ္စကိုအဆင့်၃ဆင့် သင်ခန်းစာဟုခွဲခြားပြနိုင်သည်။ ပထမအဆင့် သူ့တွင် အလုပ်လုပ်ရန်စိတ်အခြေအနေမရှိပေ။ လက်ထပ်ရန်ဖိအားပေးခံရသည့် မည်သူကများ ကင်မရာရှေ့တွင်ဘာမှမဖြစ်သလိုပြုံးရန်ခံစားချက်ရှိလိမ့်မည်လဲ။
ထို့နောက်သူ ဘာလုပ်ရမည်မှန်းမသိအောင်ဖြစ်သွားစေခဲ့သည့် ကုချန်းပိုင်နှင့်ကြုံခဲ့ရသည်။ ဒီလူကလူကောင်းဟုတ်မဟုတ်လေ့လာစူးစမ်းရန်လဝက်ကုန်သွားခဲ့၏။ သူ့တွင်အလုပ်လုပ်ရန်အာရုံပင်မရှိခဲ့ပေ။
ယခုကုချန်းပိုင်ကလူကောင်းမှန်းသိသွားတော့ အလုပ် ပြန်လုပ်ရန်ကျိုးကြောင်းသင့်ပြီဟုပြောနိုင်သည်။ သို့သော် သူအနည်းငယ်တုံ့ဆိုင်းနေသည်။ သူကုချန်းပိုင်အားကွာရှင်းမှုသဘောတူညီချက် လက်မှတ်ထိုးရန်ဖိအားပေးမိခြင်းကပင် သည်းမခံနိုင်လောက်အောင် အနိုင်ကျင့်မိခဲ့ပြီဖြစ်သည်။ သူသာအလုပ်ပြန်သွားရင် တစ်ကားရိုက်ကူးရန်၂လ၊၃လ ကြာလိမ့်မည်။
သူပြန်လာချိန် သူတို့အိမ်ထောင်က အချိန်သိပ်မကျန်ဖြစ်၍ ကုချန်းပိုင်အတွက်ဆုံးရှုံးမှုကြီးမဟုတ်ပါလား။
ကုချန်းပိုင်က သူ့ကိုမေးဖူးကာ သူ အနည်းငယ်အနားယူချင်၍ ရုပ်ရှင်ပြန်မရိုက်ချင်သေးကြောင်းပြောခဲ့သည်။ ကုချန်းပိုင်ပါးစပ်ကနေပြောလာခဲ့၏။
"ကောင်းပါပြီ၊ မင်းသဘောပါပဲ"သို့သော်ငြား သူ့မျက်ဝန်းထဲရှိ ပျော်ရွှင်မှုကိုတော့ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ထုယန်တွေးမိလိုက်သည်။
ကုချန်းပိုင်ကဘာလို့အဲ့လောက်တောင်တုံးရတာလဲ။ ၂၆နှစ်ရှိနေပြီကို၊ တစ်ဖက်သက်ချစ်မိနေတဲ့အထက်တန်းကျောင်းသားလေးကျနေတာပဲ။
YOU ARE READING
အကန့်အသတ် ပိုင်ဆိုင်မှု
Romance限时占有 by 杳杳一言 [Myanmar Translation] Status : 34 Chapters + 4 Extras "ခင်ဗျား ဘာလို့ ကျွန်တော့်ကို လက်ထပ်ချင်တာလဲ" "ကိုယ်မင်းကို သဘောကျလို့လေ၊ တိတိကျကျပြောရရင် မြင်မြင်ချင်းအချစ်ပေါ့" *I have read the raws and I can assure that there are lots of swee...