[Unicode]
(၁၀) ထိုအခါမှသာလျှင် သူတို့ကွာရှင်းပြီးမှန်း သတိရ
ယခုတလော ထုယန် အိပ်မက်များမကြာခဏမက်နေပြီး ကောင်းကောင်းမအိပ်ရပေ။
အစတုန်းက ဟိုတစ်စဒီတစ်စ အပိုင်းအစများသာဖြစ်သည်။ ငယ်ဘဝ၊ ကျောင်းတက်သည့်နေ့ရက်များနှင့် လုပ်ငန်းခွင်ထဲစစဝင်ချိန်ပင်ပါဝင်၏။ အများစုက အရိပ်ပုံသဏ္ဍာန်များဖြစ်ကာ ဇာတ်လမ်းတစ်ပုဒ်လုံးအဖြစ်ပေါင်းစပ်ပုံဖော်၍ မရနိုင်ပေ။
သို့သော်ငြား ညဥ့်ယံဒုတိယပိုင်းတွင် ပုံရိပ်များပို၍ရှင်းလင်းလာပြီး ပြင်းထန်သောနောက်ခံသီချင်းသည်လည်း တဖြည်းဖြည်းနှေးသွားသည်။ ကုချန်းပိုင်နှင့်သူသာ စင်မြင့်ပေါ်တွင်ကျန်ရစ်ခဲ့သည့် နှစ်ဦးတည်းသောလူဖြစ်သည်။ ကုချန်းပိုင်သည် သူ့ဆီလျှောက်လာကာ သူ့သံလမ်းလျှောက်တုတ်က မြေကြီးပေါ်ခေါက်နေပြီး ကြည်လင်သော်ငြား နားမစူးသည့်အသံလွှင့်ထုတ်နေ၏။ သူအင်မတန် ဖြေးညှင်း တည်ငြိမ်စွာလျှောက်လာသည်မှာ ရှု့ထောင့်များ၏အခြေခံသဘောတရားကိုဖမ်းစားထားသောမြင်ကွင်းကျယ်ရိုက်ချက်အား အသုံးပြုထားသည့်အတိုင်းပင်။ အအလင်း၊ အရိပ်နှင့် နက်နဲမှုသည်အနေတော်ဖြစ်၏။
ဒုတိယညတွင်တော့ ကုချန်းပိုင်နှင့် ပထမဆုံးတွေ့ဆုံသည့်အကြောင်းကို အိပ်မက်မက်ခဲ့၏။
ကွမ်းနန်ပြောခဲ့ဖူးသည့် “ထုဖေးဟုန်တစ်ယောက် နှပ်ချေးများ မျက်ရည်များနှင့်တောင်းပန်နေသည်“ ဆိုသော အရင်အိမ်ထောင်တွဲဖက်ဇာတ်လမ်းတွင် ထိုအချိန်က ကုချန်းပိုင်သည် ပပေါ်ပင်ပေါ်မလာခဲ့ချေ။ ထုယန်လည်းသူနှင့်ပတ်သက်ပြီးစိတ်မဝင်စားသလို ပေါ်လာမပေါ်လာလည်း ဂရုမစိုက်ပေ။
သူတို့လေးလေးနက်နက်တွေ့ခဲ့သည့် ပထမဆုံးအချိန်သည် လက်ထပ်မှတ်ပုံတင်မယူခင် တစ်ရက်ဖြစ်သည်။ ထုဖေးဟုန်နှင့် ဟွားရှန့်၏ဒါရိုက်တာ ကုချန်းပိုင်၏ အစ်ကိုလည်းဖြစ်သည့် ကုချောင်ချန်တို့က သဘောတူညီချက်ကို အရင်လက်မှတ်ထိုးခဲ့ကြသည်။ ပိုက်ဆံက ထုဖေးဟုန် အကောင့်ထဲ မြန်ဆန်စွာဝင်လာချိန် ထုဖေးဟုန်သည် ပြုံးကာခေါင်းညိမ့်ပြီး ထုယန်အားလာကြိုရန် ကုမိသားစုမှတစ်ယောက်ယောက်အားစေလွှတ်ခဲ့သည်။ ကုမိသားစု၏ကားသည်အရှေ့ဘက်တွင်ဖြစ်ပြီး အထုတ်အပိုးများသယ်ရန်အသုံးပြုသည့် ထရပ်ကားကနောက်မှလိုက်လာသည်။ အိမ်ခြံဝင်းထဲဖြေးညင်းစွာဝင်လာချိန် ထုယန်ပြတင်းပေါက်ဘေးတွင်ရပ်ကြည့်ရင်း အေးစက်က်စွာတွေးခဲ့သည်။
"လူ၈ယောက်လာကြိုတဲ့ မင်္ဂလာဝေါယာဥ်နဲ့တူလိုက်တာ၊ ဟာသပဲ"
YOU ARE READING
အကန့်အသတ် ပိုင်ဆိုင်မှု
Romance限时占有 by 杳杳一言 [Myanmar Translation] Status : 34 Chapters + 4 Extras "ခင်ဗျား ဘာလို့ ကျွန်တော့်ကို လက်ထပ်ချင်တာလဲ" "ကိုယ်မင်းကို သဘောကျလို့လေ၊ တိတိကျကျပြောရရင် မြင်မြင်ချင်းအချစ်ပေါ့" *I have read the raws and I can assure that there are lots of swee...