[Unicode]
(၁၀) အတုအယောင်မဟုတ်တဲ့ အနမ်း ပေးလို့ရမလား
ထုယန်ရုတ်တရက်စကားပြောရန်ပျောက်ဆုံးနေသည်။
ကုချန်းပိုင်မနာလိုဖြစ်နေတာလား။ သူဘာလို့မနာလိုဖြစ်မှာလဲ။
ဪ ငါနားလည်သွားပြီ...။
ထုယန်မကျေမချမ်းဖြင့်လက်ရုတ်ကာ နေကာမျက်မှန်ကိုပင့်တင်လိုက်သည်။ သူမှတ်ဥာဏ်က ကွာရှင်းဖို့သဘောတူညီလက်မှတ်ထိုးခဲ့သည့်ညကို သတိပြန်ရသွားခဲ့သည်။ ကုချန်းပိုင်ကပြောခဲ့၏။
ကိုယ်မင်းကိုသဘောကျလို့လေ၊ ဒါမှမဟုတ် မြင်မြင်ချင်းအချစ်ပေါ့။ထိုအချိန်တုန်းက သူ့လေသံသည်အင်မတန်လေးနက်နေသော်ငြား ထုယန်မယုံကြည်ခဲ့ပေ။ သို့သော် ယခုတွင်တော့မယုံကြည်ရန်မဖြစ်နိုင်တော့ချေ။ ကုချန်းပိုင်၏အချစ်သည် ပြည့်လျှံလွန်းသည်ထိများလွန်းလှသည်။ ထုယန်ပုန်းတောင် မပုန်းနိုင်တော့ပေ။
သူ ယခုလက်ရှိ အင်မတန်စိတ်ဓာတ်ကျနေသည်အထိ မနာလိုဖြစ်ကောင်းဖြစ်နေနိုင်၏။ ထုယန်၏ကျိုးကြောင်းဆင်ခြင်မှုက ဒီသုံးသပ်ချက်ရလာ၏။
ရုပ်ရှင်သည်နောက်ဆုံး ဇာတ်ရှိန်တက်ချိန်ကိုရောက်လာခဲ့သည်။ ယေဘုယျအကြမ်းဖျင်းဇာတ်ကြောင်းမှာ သူ့ဇာတ်ကောင်က ထိုမြို့ကနေထွက်ခွာသွားရန်ဖြစ်သည့်တိုင် ချီဟယ်အတွက်နေခဲ့သည်။ ရထားဖြတ်ကျော်သွားသော်ငြားသူမသွားခဲ့ပေ။ သူတို့ရထားလမ်းတစ်ဖက်တစ်ချက်ဆီတွင် အချင်းချင်းကြည့်ကာ ငိုပြီးပြုံးလိုက်ကြ၏။ ငိုသံတစ်သံပြီးတစ်သံ ရုပ်ရှင်ရုံထဲတွင်ထွက်လာခဲ့သည်။ ကုချန်းပိုင်က ခေါင်းလှည့်လာပြီး ထုယန်အားကြည့်ကာ အသံနှိမ့်ပြောလိုက်သည်။
"မင်းတကယ်ကိုကောင်းကောင်း သရုပ်ဆောင်ခဲ့တာပဲ"သူ့လေသံသည် အရင်တိုင်းနူးညံ့နေဆဲပင်။ သို့သော်ငြား သူ့မျက်ဝန်းများတွင် အချစ်နှင့်မြတ်နိုးမှုလျော့နည်းသွားပြီး စိတ်မဝင်စားမှုပိုပါဝင်လာသည့်ပုံပင်။ ထုယန် နေကာမျက်မှန်မှတင်ဆင့်ရှင်းရှင်းလင်းလင်း မမြင်ရသော်ငြား ကုချန်းပိုင်ချီးကျူးမှုသည် စိတ်ထဲမပါသည်မှာ သိသာလှသည်။
YOU ARE READING
အကန့်အသတ် ပိုင်ဆိုင်မှု
Romance限时占有 by 杳杳一言 [Myanmar Translation] Status : 34 Chapters + 4 Extras "ခင်ဗျား ဘာလို့ ကျွန်တော့်ကို လက်ထပ်ချင်တာလဲ" "ကိုယ်မင်းကို သဘောကျလို့လေ၊ တိတိကျကျပြောရရင် မြင်မြင်ချင်းအချစ်ပေါ့" *I have read the raws and I can assure that there are lots of swee...