[Unicode]
(၆) ငါကသာသူ့ကိုအနိုင်ကျင့်ခဲ့တဲ့သူ
ထုယန်၏ တတစ်ကျော့ပြန်ပွဲထွက်အပြီး အကြောင်းအရာခေါင်းစဥ်များ ဆက်တိုက်ပေါ်လာလေသည်။ လူတိုင်းက ထုယန် လွန်ခဲ့သော(၆)လအတွင်း မည်သည့်နေရာသို့ ရောက်သွားလဲ ဆွေးနွေးကြကုန်၏။
အချို့က သူ စာဆက်လေ့လာရန် နိုင်ငံခြားကို သွားသည်ဟုပြောစဥ် အချို့ကကျန်းမာရေးပြသနာရှိ၍ ဆေးကုသမှုခံယူနေရသည်ဟုခန့်မှန်းကြသည်။ ရှိသေးသည်က အချို့ဆိုလျှင် သူ ရုပ်ရှင်ဧကရာဇ် ချီဟယ်၏ ကိုယ်ဝန်လွယ်ထားရကာ သန္ဓေသားကိုစောင့်ရှောက်ရန် ပုဂ္ဂလိကဇိမ်ခံမွေးလူနာစောင့်ရှောက်ရေးစင်တာတွင် ပုန်းအောင်းနေသည်ဟုပင်ပြောကြသည်။
ထုယန်ဖုန်းချလိုက်သည်။ သူ့ဘေးတွင်ဇာတ်ညွှန်းဖတ်နေသည့် ချီဟယ်အား လှမ်းကြည့်ကာ အန်ချင်သည့်အပြုအမူလုပ်လိုက်သည်။
"မင်း ငါရွံရအောင်မလုပ်ဘဲ နေလို့မရဘူးလား"
"ငါကရောလုပ်ချင်တယ်ထင်နေလို့လား"
ချီဟယ်က မျက်ဆံလှန်လျက်ဖြေလိုက်သည်။
"ကုမိသားစုက တစ်ပတ်အတွင်း အများအမြင်ကိုထိန်းချုပ်ဖို့နဲ့ မင်းရဲ့လျှို့ဝှက်အိမ်ထောင်ရေးမကြောင်း ဘယ်သူ့ကိုမှအသိမပေးဖို့ ငါ့ဘော့စ်ဆီ နှုတ်ဆက်စကားပို့ပြီး တောင်းဆိုထားတာလေ၊ ငါ့ဘော့စ် တခြားရွေးချယ်စရာမရှိတော့ဘဲ ငါ့ကိုပါကျည်ဆံကိုက်ခိုင်းဖို့ ဆွဲခေါ်ရုံပဲရှိတော့တာကိုး"“ကုမိသားစု“ဆိုသည့် စကားလုံးနှစ်လုံးကြားလိုက်ရချိန် ထုယန် အခြားဘာမှမပြောတော့ပေ။ ဘာမှလုပ်စရာမရှိ၍ ဘေးနားရှိ ဇာတ်ညွှန်းအားလှန်လှောဖွင့်လိုက်ကာ ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။
"ထပ်ပြီးဆယ်ကျော်သက်ရုပ်ရှင်ပဲလား"သူ ဆယ်ကျော်သက်ရုပ်ရှင်နှင့် ပွဲဦးထွက်ခဲ့ကာ သူ့ဇာတ်ကောင်မှာလည်း ငယ်ရွယ်တက်ကြွသည့်ခံစားချက်အပြည့်ရှိလေသည်။ သူ ဒီရုပ်ရှင်များတွင် သရုပ်ဆောင်ရသည်ကို ငြီးငွေ့လာ၍ ထပ်ပြီးမရိုက်ချင်တော့ချေ။
"ဘာဖြစ်လို့လဲ ဆယ်ကျော်သက်ရုပ်ရှင်တွေကမကောင်းဘူးလား"
YOU ARE READING
အကန့်အသတ် ပိုင်ဆိုင်မှု
Romance限时占有 by 杳杳一言 [Myanmar Translation] Status : 34 Chapters + 4 Extras "ခင်ဗျား ဘာလို့ ကျွန်တော့်ကို လက်ထပ်ချင်တာလဲ" "ကိုယ်မင်းကို သဘောကျလို့လေ၊ တိတိကျကျပြောရရင် မြင်မြင်ချင်းအချစ်ပေါ့" *I have read the raws and I can assure that there are lots of swee...