[Unicode]
(၄) ခင်ဗျား ကျွန်တော့်ကိုယ်ထဲ သောက်ကျိုးနည်း ဘာအဆိပ်တွေ ထည့်ခဲ့တာလဲ။
ထုယန်ချောချောမွေ့မွေ့ တစ်ကျော့ပြန်လာမှုအတွက် ဂုဏ်ပြုပွဲအနေနှင့် လူကုံထံသခင်လေးအုပ်စုသည် ခမ်းကြီးနားကြီး စပရိုက်ကျင်းပရန် ကွမ်းနန်နေရာ၏အောက်ရှိဘားသို့ သွားကာ ထုယန်အား ကံဆိုးမှု နှင်ထုတ်ရန် ကူညီပေးပြီး ကြိုဆိုပွဲညစာလုပ်ပေးချင်ကြောင်း ပြောကြလေသည်။
တူတူသောက်ကြရန် အကြောင်းပြချက်ရှာသည်ထက်မပိုခဲ့ပေ။ ထုယန် အစက မသွားချင်သော်ငြား ရှန်ဖေးက စိတ်ပြေလက်ပျောက်ဖြစ်ရန်အလို့ငှာ လာခဲ့ရန်အဆက်မပြတ် တိုက်တွန်းနေခဲ့၏။ ထုယန် ရှင်းပြချက်ရှာမရဘဲ အိမ်တွင် ဖြေရှင်းရန်ကိစ္စအချို့ရှိ၍ နောက်ကျမည်ဖြစ်ကြောင်းနှင့် ပွဲအရင်စထားသင့်ကြောင်းသာ ပြောရုံရှိတော့သည်။
ထုယန် ဒရမ်မာ အသစ်အတွက် ဒါရိုက်တာတစ်ယောက်နှင့် စကားပြောဆိုနေသည်။ သူအရင်ကအမျိုးအစားဆင်တူသော ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်ဖူး၍ အမှန်တကယ်က လက်မခံချင်သည့်တိုင် ရုပ်ရှင်အဖွဲ့သည် ကြေးကြီးကြီးပေး၍ အနည်းငယ် ချိတုံချတုံဖြစ်မိသည်။ ဆွေးနွေးမှု အကြိမ်ရေတစ်ချို့ လုပ်ပြီးနောက် သူမဆုံးဖြတ်နိုင်သေးပေ။ ဒါရိုက်တာက အဆင်ပြေကြောင်းနှင့် ထုယန် နောက်တစ်ကြိမ်ထပ်စဥ်းစားရန် စောင့်ပေးနိုင်ကြောင်းပြောလေသည်။ တကယ်တော့ ထုယန်နှင့်ပတ်သက်သည့်သတင်းများက ဒရမ်မာများဆီ သယ်ဆောင်လာသည့် နာမည်ကြီးမှု အရှိန်ကိုရပ်တန့်မည်မဟုတ်၍ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့မှ အလွယ်တကူလက်လျော့လိုက်မည်မဟုတ်ပေ။
ထုယန် ကုမ္မဏီကိုရောက်ခါစရှိသေး တိုက်ရိုက်ထုတ်လွှင့်မှု ပရိုဂရမ်တစ်ခုအားတက်ရောက်ရန်နရွေးခံရလေသည်။ သူကားထဲတွင်ထိုင်ကာ ရိုက်ကွင်းတွင်စမည့် ပရိုဂရမ်အချိန်ဇယားကိုလေ့လာလိုက်သည်။ ကံကောင်း၍ သူ အရင်က ပရိုဂရမ်များ ရိုက်ဖူးခဲ့ပြီး နှစ်ဝက်ကြာပြီးနောက် အလုပ်တွင် အရည်အချင်းရှိသေးကာ အခြေအနေထဲ အလျင်အမြန် စိတ်နှစ်လိုက်နိုင်သည်။
YOU ARE READING
အကန့်အသတ် ပိုင်ဆိုင်မှု
Romance限时占有 by 杳杳一言 [Myanmar Translation] Status : 34 Chapters + 4 Extras "ခင်ဗျား ဘာလို့ ကျွန်တော့်ကို လက်ထပ်ချင်တာလဲ" "ကိုယ်မင်းကို သဘောကျလို့လေ၊ တိတိကျကျပြောရရင် မြင်မြင်ချင်းအချစ်ပေါ့" *I have read the raws and I can assure that there are lots of swee...