[Unicode]
(၃) ဒါပေမဲ့ ကိုယ် မင်းကိုတွေ့ချင်တယ်လေ၊ မင်းကို လွမ်းနေခဲ့တာ
အံကြိတ်ပြီး ဒီလိုပြောပြီးနောက် ထိုလူက ဘာပြောခဲ့သနည်း။
ရယ်ခဲ့ပုံပင်။ သို့သော်ငြား ထုယန်၏ မာနလေးအပေါ် ထပ်ပြီး အနိုင်မကျင့်တော့ပါချေ။ ထုယန်အဝတ်အစားခိုးရသည့် ရည်ရွယ်ချက်ကိုလည်း မမေးဘဲ "ယုန်ပေါက်လေး၊ ကိုယ့်ကိုဝင်ခွင့်ပေးပါဦးကွာ ဟုတ်ပြီလား" ဟုသာ ပြောခဲ့၏။
ထုယန် ထိုင်းမှိုင်းစွာ ပြောလိုက်သည်။
"ဟင့်အင်း"ပုံစံက ဒါကသူ့အိမ်ဖြစ်ပြီး ထိုလူက သူ့အိမ်ကို ဝင်ရောက်ကျူးကျော်နေသည့်အတိုင်းပင်။
အတော်ကြာပြီးနောက် ဖြည်းဖြည်းချင်းထရပ်ကာ mask တပ်ပြီး ဦးထုတ်ဆွဲချလိုက်သည်။ တံခါးကို လှစ်ခနဲဖွင့်ပြီးနောက် သူ ထို့လူဘေးမှ ဖြတ်ကျော်ကာ အရှိန်မြှင့်လိုက်သည်။ ထိုလူ သူ့နောက်ခြေလှမ်းအနည်းငယ် လိုက်ခဲ့သော်ငြား လိုက်မမှီရှာပေ။
ထုယန်ပြန်လှည့်ကြည့်ချင်သည်။ သူ ထိုလူ့မျက်နှာကို တစ်လကျော် မတွေ့မမြင်ရခဲ့။ သူ အရှိန်လျှော့ကာ ပြန်လှည့်တော့မည့်ဆဲဆဲ ဖုန်းသံမြည်လာပြီး ထုယန်မထချင်သည့် အိပ်မက်ဆီမှ နှောင့်ယှက်လေတော့သည်။
သူ့ကို အိပ်ရာနှိုးသည့် အေးဂျင့်ပင်။ ဖုန်းသံက စက္ကန့်သုံးဆယ်မြည်ပြီးမှ ထုယန် ငိုင်တိုင်တိုင်ဖြင့် မျက်လုံးဖွင့်လိုက်သည်။
သူ မျက်နှာကို လုံးဝမမြင်ခဲ့ရဘူးပဲ။
"ရှောင်ယန်၊ ၁၁နာရီကျ အင်တာဗျူးရှိတယ်၊ မိတ်ကပ်ဆရာနဲ့ ငါ မင်းအိမ်ဆီလာနေပြီ၊ မနက်စာဘာစားချင်လဲ၊ ငါယူလာခဲ့ပေးမယ်"
ထုယန် အိပ်ချင်မူးတူးဖြစ်နေကာ ငိုင်နေကြီး အချိန်အတော်ကြာမှ သူ မန်နေဂျာမေးနေသည့်မေးခွန်းကို တုံ့ပြန်နိုင်တော့သည်။ သူ့ဦးနှောက်က ဖြည်းဖြည်းချင်း လည်ပတ်နေလေသည်။
"ဘာပဲဖြစ်ဖြစ်ပါ"
YOU ARE READING
အကန့်အသတ် ပိုင်ဆိုင်မှု
Romance限时占有 by 杳杳一言 [Myanmar Translation] Status : 34 Chapters + 4 Extras "ခင်ဗျား ဘာလို့ ကျွန်တော့်ကို လက်ထပ်ချင်တာလဲ" "ကိုယ်မင်းကို သဘောကျလို့လေ၊ တိတိကျကျပြောရရင် မြင်မြင်ချင်းအချစ်ပေါ့" *I have read the raws and I can assure that there are lots of swee...