(၁၁) ယုန်ပေါက်လေး ကြောက်လွန်းပြီး နားရွက်တွေတောင် ညွှတ်ကျနေပြီ၊ သနားစရာကောင်းလိုက်တာနော်
"ဒီနေ့ရဲ့ ကုန်ပစ္စည်းအသစ် ဖြန့်ချိရေးကအရမ်းအရေးကြီးတယ်၊ မင်းပွဲဦးပြန်ထွက်ပြီး ပထမဆုံး အကြီးစားကြော်ငြာလို့ပြောလို့ရတယ်၊ ရှောင်ယန်မင်းဇာတ်ညွှန်းကိုသေချာကြည့်ရမယ်နော်၊ အရေးကြီးတာ တံဆိပ်နာမည်ရယ်၊ ထုတ်ကုန်မော်ဒယ်အသစ်ရယ် မင်းသေချာပေါက် မှားပြောလို့မဖြစ်ဘူး"
သူ့မန်နေဂျာက ထုယန်လက်ထဲA4စာရွက်၂ရွက်ကိုထိုးထည့်ပေးလာပြီးနောက် မိတ်ကပ်ဆရာနှင့်လက်ထောက်အားပြောရန် လှည့်ထွက်သွားလေသည်။ ထုယန် ဟိုဟိုဒီဒီ လှန်လှောကြည့်လိုက်၏။ အစပိုင်းတွင်သူအများကြီး ဂရုမစိုက်သော်ငြား သူ့မျက်ဝန်းများသည် ရင်းနှီးသောနာမည်တစ်ခုတွင် သက်ဆင်းသွားခဲ့ကာ တခဏတာရပ်တန့်သွားစေခဲ့သည်။ကုချောင်ချန်။
"မဖြစ်နိုင်..."
ထုယန်ချက်ချင်းခေါင်းခဲသွားသည်။ သူ အေးဂျင့်ကိုလှမ်းခေါ်ကာ ချက်ချင်းမေးခွန်းထုတ်လိုက်သည်။
"ဒါဟွားရှန့်ရဲ့ ထုတ်ကုန်အသစ် ဖြန့်ချိပွဲလား"အေးဂျင့်မှာမေးခွန်းကြောင့်အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ""ဒါဆိုကုချောင်ချန်ရောလာမှာလား"
"လာမှာပေါ့၊ သူကတာဝန်ရှိသူလေ၊ မင်းဘေးထိုင်မှာ"
ထုယန်စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ အေးဂျင့်မှာ သံသယရှိသွားခဲ့သည်။
"မင်းဒါရိုက်တာကုနဲ့ ပဋိပက္ခဖြစ်ထားတာလား"ထုယန် လက်ယမ်းကာ ကြုံရာဆင်ခြေပေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ သူဒေါသထွက်လွယ်တယ်လို့ ကျွန်တော်ကြားဖူးလို့"အေးဂျင့်က ပြုံးလိုက်သည်။
"မင်း ငါ့ကိုခြောက်နေတာပဲ၊ တစ်ခုခုကြီးကြီးမားမားဖြစ်ထားတာလို့ထင်နေတာ၊ သူကဒီမှာတော့ဆရာကြီးပဲ၊ မင်း သူဒေါသထွက်လွယ်ရင်တောင် သူ့ကိုအပြစ်ပြုလို့မရဘူး၊ ဟုတ်သား မင်းဒါကို မိနစ်နည်းနည်း ထပ်ကြည့်လို့ရတယ်၊ ပြီးရင်ဆံပင်ပြင်၊ ဖြန့်ချိတာ ၃နာရီလောက်စလိမ့်မယ်"
YOU ARE READING
အကန့်အသတ် ပိုင်ဆိုင်မှု
Romance限时占有 by 杳杳一言 [Myanmar Translation] Status : 34 Chapters + 4 Extras "ခင်ဗျား ဘာလို့ ကျွန်တော့်ကို လက်ထပ်ချင်တာလဲ" "ကိုယ်မင်းကို သဘောကျလို့လေ၊ တိတိကျကျပြောရရင် မြင်မြင်ချင်းအချစ်ပေါ့" *I have read the raws and I can assure that there are lots of swee...