Episode- 1

805 41 5
                                    


" ရောက်ပြန်ပြီ တနင်္လာနေ့.."

မျက်ဝန်းတို့ လေးလံနေသည်ကို အံတု၍ အိပ်ယာ၏ ဘေးဘက်ရှိ ခုံပေါ်၌ တင်ထားသည့် ဖုန်းအား ဖွင့်၍ dateကိုကြည့်တော့ သူမုန်းလွန်လွန်းတဲ့ တနင်္လာနေ့။

ကျောင်းတက်ရမည့်နေ့ဖြစ်နေသောကြောင့်ပင် ဖြစ်၏။

ဒီနေ့သည်လည်း အရင်နေ့များသကဲ့သို့ပင် ပျင်းရိစရာကောင်းတော့မှာပါလား။

အချိန်ကလည်း လင့်နေပြီ ဖြစ်တော့ အိပ်ယာမှထကာ ​ကိုယ်လက်သန့်စင်ပြီး တစ်ခါတည်း ကျောင်းဝတ်စုံကိုလဲလိုက်သည်။

အောက်ထပ်ဆင်းလာ၍ ထမင်းစားခန်းသို့ဝင်လိုက်တော့ အဖေနှင့်အမေက စားနှင့်နေပြီ။ မိသားစုထမင်းဝိုင်းသည်လည်း ပုံမှန်ဆိုသလို အေးစက်နေသည်။

"သား နိုးလာပြီလား "

အဖေက အခါတိုင်းလို နူးညံ့စွာ ပြုံးပြ၍ စကားစတော့ ခေါင်းတစ်ချက်ညှိတ်ပြကာ ဆက်စားနေလိုက်သည်။

" Beomgyu သား ညက ဘယ်နှစ်နာရီမှအိပ်လဲ"

အဖေနှင့်မတူစွာပင် အမေ၏ အသံက တင်းမာနေလျက်။ ဤသည်လည်း အခါတိုင်းလိုပါပဲ။

"နာရီတောင် မကြည့်လိုက်ဘူး ဒီတိုင်းအိပ်ချင်လာလို့ အိပ်လိုက်တာ "

ခပ်ပြတ်ပြတ်ပြောလိုက်တော့ အမေဖြစ်သူက စိတ်ပျက်သော အကြည့်ဖြင့် ကြည့်ကာ မည်သည်ကိုမျှ မပြောတော့ဘဲ မနက်စာကို ဆက်စားနေသည်။

ခဏကြာတော့ ဘဲလ်တီးသံကြားရသည်နှင့် သူငယ်ချင်းနှစ်ယောက်ရောက်ပြီဆိုတာ သိလိုက်ရသည်။

"ကျွန်တော် ကျောင်းသွားတော့မယ်"

ပြောပြီးချင်း ထမင်းဝိုင်းမှ ထ၍ လွယ်အိတ်လွယ်ကာ အိမ်အပြင်ထွက်လာလိုက်သည်။ ထို့နောက် သူတို့သုံးယောက်ကို Beomgyuအိမ်က driverကကျောင်းသို့ လိုက်ပို့ပေးသည်။

ငယ်စဥ်ကတည်းက ခင်လာသည့် သူငယ်ချင်းသုံးယောက်မလို့ နေ့တိုင်းကျောင်းအတူသွားလေ့ရှိကာ အမြဲတမ်းအတူတူပင်။ တစ်ဦးတည်းသော သားဖြစ်သည့် Beomgyuအတွက် သူတို့နှစ်ယောက်လို သူငယ်ချင်းရှိခြင်းဟာ အနည်းဆုံး အထီးကျန်ခြင်းကို လျှော့ချပေးနိုင်သည်လေ။

Endless EndingWhere stories live. Discover now