Episode- 7

145 17 0
                                    


နောက်တစ်နေ့ မနက်၊

Taehyun ကျောင်းသို့ရောက်ပြီး အတန်းထဲ ဝင်ဝင်ချင်း၊ အတန်းထဲက မိန်းကလေးများက ပြတင်းပေါက်နားတွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို တွေ့လိုက်သည်။

Taehyunလည်း လစ်လျူရှူပြီး သူ့ခုံတွင်ထိုင်လိုက်ပြီး မိန်းကလေးများထံမှ ကြားလိုက်ရတဲ့ စကားသံများကြောင့် သူ့နှလုံး ခုန်နှုန်းရပ်သွားသလို ခံစားလိုက်ရသည်။

"ဝါး တို့Beomieဘေးက လူက ချောလိုက်တာ သူတို့ အတွဲတွေထင်တယ်" "ငါတို့တော့ ရှပါပြီဟယ်" "ရှလည်း အရှခံတယ်ဟယ် သူတို့က လိုက်လွန်းတယ်" " ဒီတစ်ယောက်က Beomgyuလေးနဲ့ ချစ်သူတွေထင်တယ် "

မိန်းကလေးများက ကျောင်းဝင်းအတွင်းထိပါ Beomgyuလက်ကို ကိုင်ပြီး လိုက်ပို့ပေးတဲ့ Soohyukကို ကြည့်ပြီး Beomgyuနှင့် အတော်လိုက်သည်ဟု ကောက်ချက်ခံနေကြသည်။

ထိုစကားတွေကို Taehyunထပ်ပြီး မကြားနိုင်တော့ပါ၊ သူ့နှလုံးသားတစ်ခုလုံးကို ဓားဖြင့် အမွှန်းခံလိုက်ရသလို ခံစားနေရသည်။

သူအတန်းထဲကနေ လွယ်အိတ်ယူပြီး အမြန်ထွက်လာသည်။

လမ်းတွင် သူသိပ်ချစ်ရတဲ့ သူလေး၏ လက်ကို ဆုပ်ကိုင်ထားသည့် ချစ်ရသူလေး၏ သက်ဆိုင်သူ။

သူတို့နှစ်ယောက်နှင့်မှ မျက်နှာချင်းဆိုင်တွေ့မိရသည်လို့..

"Taehyun-na ကျောင်းလာတာ စောတယ်နော်"

သူချစ်ရတဲ့ ကောင်လေးက စကားစလာတော့ ရင်ဘက်ထဲက သေမလို ခံစားနေရတဲ့ ခံစားချက်ကို မျက်ကွယ်ပြုရင်း နှုတ်ခမ်းပေါ်တွင် ဟန်ဆောင်အပြုံးတစ်ခု တပ်ဆင်ကာ၊

" အွန်း ဟုတ်တယ်လေ အခုတောင် နေမကောင်းလို့ အတန်းလစ်မလို့ သွားပြီနော် ဒါနဲ့ ဒီကHyungက? "

"တွေ့ရတာဝမ်းသာပါတယ် Hyungက Beomieရဲ့ ချစ်သူ Lee Soohyukပါ" ပြောကာ လက်လှမ်းပေးသည်။

Taehyunသူ့နှလုံးသားတစ်ခုလုံး ခြေမွခံလိုက်ရသလို ခံစားနေရပေမယ့် နှုတ်ခမ်းတွင်တော့ ဟန်ဆောင်အပြုံးကို တပ်ဆင်ထားစမြဲ၊

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်ကBeomgyuရဲ့ အတန်းဖော် Kang Taehyunပါ"

Endless EndingWhere stories live. Discover now