Episode- 17

149 16 0
                                    


မိုးဖွဲများစွာ ရွာသွန်းနေချိန်..

မှန်ပြတင်းပေါက်ကို တွဲခို့နေသည့် မိုးစက်ကလေးများနှင့် ၎င်းမှန်ပြတင်းပေါက်ကို အနည်းငယ်ဖွင့်ထားသောကြောင့် တစ်ချက်တစ်ချက် တိုက်ခက်လာသည့် မိုးလေပြေလေးများအား ခံစားမိလိုက်လျှင် အလွန်ပင် စိတ်ပင်ပန်းမှု လျော့ကျစေနိုင်သည်။

စာသင်ခန်းရှိ နောက်ဆုံးအတန်း ခုံဘေးက မှန်ပြတင်းပေါက်နားတွင် မက်တပ်ရပ်ပြီး မိုးတွင်းအငွေ့အသက်ကို ခံစားနေသူမှာ Beomgyu ပင်။

မိုးရာသီကို သူ မြတ်နိုးသည်။ မိုးလေးဖွဲ နေချိန် ကလေးတစ်ယောက်နှယ် လမ်းပေါ်ပြေးထွက်ဆော့ကစားချင်မိသည်။ ခေါင်းမော့လိုက်လျှင် မျက်နှာပေါ်ကျရောက်လာမည့် မိုးစက်ကလေးများကို သူ နှစ်သက်သည်။

မိုးဒဏ်ကြောင့် အအေးမိလွယ်သော်လည်း အအေးမိကာမှ မိတော့ တန်အောင် မိုးရေထဲ နေပစ်မည် ဟူသော စိတ်ကူးကိုသာ သူ တွေးမိသည်။

Beomgyuလို စိတ်ခံစားမှု အထိခိုက်လွယ်သည့် လူတစ်ယောက်အတွက် စိတ်ပင်ပန်းမှု လျော့ကျစေသည့် အရာများက သူ၏ ချစ်ရသူ၊ သူငယ်ချင်းအပေါင်းအသင်း နှင့် ဤမိုးရေစက်ကလေးများလည်းပါဝင်သည်။

အနည်းငယ်ဖွင့်ထားသည့် မှန်ပြတင်းပေါက်မှ လက်ကို ဆန့်၍ ထုတ်လိုက်ပြီး လက်ဖဝါးဖျန့်ကာ မိုးစက်ကလေးများကို ထိတွေ့ကြည့်လိုက်သည်။

စိတ်ကျေနပ်လန်းဆန်းသွားသောကြောင့် သူ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။



ထို့အပြုံးအား မြတ်နိုးစွာ ကြည့်နေသူမှာ ၎င်းအပြုံးပိုင်ရှင်၏ ချစ်ရသူ Taehyun ဖြစ်သည်။

ကလေးတစ်ယောက်နှယ် မိုးရေစက်များကို ထိကြည့်ပြီး ပျော်မြူးနေ သူလေးကို ကြည့်ရင်း Taehyun၏ရင်ထဲ အေးချမ်းရသည်။

Taehyunကတော့ Beomgyuနှင့် ဆန့်ကျင်ဖက်ပင်။

မိုးရာသီကို Taehyun သဘောမကျပါ။သို့သော်လည်း မိုးရာသီကြောင့် သူချစ်ရသူလေး ပျော်မြူးနေသည်ကို တွေ့ရတော့ သူ ကျေနပ်မိပါသည်။

ချစ်ရသူ၏ အပြုံးသည်သာ သူ့အတွက် အဓိက ဖြစ်သည်။

သူကြည့်နေတာကို မြင်တော့ ချစ်ရသူက ရှက်ပြုံးကလေး ပြုံးပြန်သည်။


Endless EndingWhere stories live. Discover now