Episode- 9

147 20 4
                                    

ဆောင်းဦးအချိန်ကာလသို့ ကူးပြောင်းလာပြီဖြစ်သည်။

ဆောင်းဦးဖြစ်တာကြောင့် နှင်းဖွေးဖွေးလေးများ စတင်ကျနေပြီ။

လူသွားလမ်းများပေါ်ရှိ ဖွေးနေသောနှေးလေးများနှင့် တစ်ချက်တစ်ချက် တိုက်ခတ်သည့် လေပြေအေးလေးများက ဆောင်းရာသီ၏ အငွေ့အသက်ကို ပေးစွမ်းစေသည်။

ကျောင်းချိန်နောက်ကျနေပြီဖြစ်သောကြောင့်

Yeonjunက အလျင်အမြန် အိမ်ထဲက ထွက်ပြီး ကားပေါ်တက်ကာ ကျောင်းသို့ မောင်းထွက်မည်အလုပ်၊

ဟိုဘက်ခြံကရပ်ထားသည့် Taehyunကားကို တွေ့လေသည်။

အရင်တိုင်းဆို ကျောင်းစောစောသွားတတ်သည့် Taehyunက ယနေ့မှ ဘာကြောင့် နောက်ကျနေတာပါလိမ့်။

Yeonjunလည်း ယခုချိန် သူသာ တစ်ယောက်ထဲ ကျောင်းသွားရင် ခါတိုင်းလို အတန်းပိုင်ဆရာမ၏ မေတ္တာပို့ခြင်းခံရမည်။

သို့သော် ယခုTaehyunပါ ကျောင်းနောက်ကျသောကြောင့် သူအဖော်ရသဖြင့် Taehyunအား ကျောင်းတူတူသွားဖို့ သွားခေါ်မည်ဟု ဆုံး​ဖြတ်လိုက်သည်။

Taehyunအိမ်သို့သွားပြီး bellတီးလိုက်သော်လည်းTaehyunက တံခါးလာမဖွင့်ပေး။

"Taehyunieဘာများလုပ်နေတာပါလိမ့် တံခါးတောင်လာမဖွင့်ဘူး"

ပြောရင်း Yeonjunက bellဆက်တီးနေလိုက်သည်။

ထိုအခါမှ Taehyunက တံခါးလာဖွင့်ပေးသည်။

"Hyung လာ အထဲဝင်လေ"

ညအိပ်အင်္ကျီအနက်ပြာရောင်ကို ဝတ်ထားပြီး မျက်နှာက ဖြူဖတ်ဖြူရော်ဖြင့် မျက်လုံးတောင်မဖွင့်နိုင်သေးတဲ့ Taehyun

"Taehyun-na ဘာဖြစ်တာ နေမကောင်းဘူးလား မင်းကြည့်ရတာ ဖျားနေတယ်ထင်တယ်"

"မနေ့ညက နည်းနည်း အအေးပတ်သွားတာ ဒါနဲ့ Hyungက ကျောင်းမသွားဘူးလား နောက်ကျနေပြီ"

"အေးကွ ငါက နောက်ကျရင် တစ်ယောက်ထဲအဆူခံရမယ့် အတူတူ အဖော်ရအောင် မင်းနဲ့ ကျောင်းတူတူသွားမလို့ ဟီး"

"ဪ Hyungကလည်း "

အတန်းခေါင်းဆောင်အစ်ကိုကြီး Yeonjun၏ ကြီးမားတဲ့ အကြံအစည်ကို ကြားတော့ Taehyunမအံ့ဩပေမယ့် စိတ်လေသွားသည်။

Endless EndingWhere stories live. Discover now