Episode- 13

167 19 0
                                    

နောက်ဆုံးစာမေးပွဲဖြေပြီး၍ ညနေ ကျောင်းဆင်းချိန်တွင်ဖြစ်သည်။

မနက်ဖြန်မှ စ၍ ကျောင်းပိတ်ပြီဖြစ်သောကြောင့် ကျောင်းသားကျောင်းသူများအတွက်တော့ အပျော်ရွှင်စရာအကောင်းဆုံး အချိန်ကာလဖြစ်သည်။

သို့သော်

ပျော်နေသူများထဲတွင် Choi Beomgyu မပါ။

သူ၏ မိဘများက ဒီမနက်ပင် ကွာရှင်းလိုက်ကြပြီ။

တခြားကျောင်းသားကျောင်းသူများကတော့ ကျောင်းပိတ်ပြီဖြစ်တာကြောင့် ကျောင်းဆင်းချိန်အိမ်မပြန်ဘဲ တခြားနေရာများသို့ လျှောက်လည်ရင်း ပျော်နေကြသည်။

Beomgyuလည်း အစက Soobinတို့နှင့် လျှောက်လည်မည်ဟု စီစဥ်ထားပေမယ့် ဒီမနက် သူ့မိဘများ၏ ကိစ္စကြောင့် သူလျှောက်လည်ရန် စိတ်မပါတော့ပါ။

အိမ်သို့ သာ ပြန်လာလိုက်သည်။

အိမ်မှာလည်း သူချစ်ရသည့် အဖေက မရှိ။

ကွာရှင်းလိုက်ပြီမို့ အိမ်ခွဲနေလေသည်။

အိမ်ရောက်တာနှင့် သူ့အခန်းထဲသာ တန်းဝင်၍ တံခါးလော့ချလိုက်သည်။

သူတကယ် မွန်းကြပ်လှပြီ။သူချစ်တဲ့ သူတိုင်းက သူ့ကို ထားသွားခဲ့ကြသည်။

ညတိုင်းလိုလို ငိုခဲ့ရသောကြောင့် ထပ်ငိုရန် သူ့မှာ မျက်ရည်မရှိတော့။

သူတစ်ယောက်ထဲ စိတ္တဇဆန်စွာ အခန်းတံခါးပိတ်၍ ငိုင်နေမိသည်။

မျက်လုံးအိမ်များမှာလည်း မျက်ရည်များက နေရာယူနေသည်။

အတော်အတန်ကြာအောင် သူတိတ်ဆိတ်နေမိသည်။

နောက်မှ ရေချိုးရန် အသိဝင်လာတာနှင့် ရေချိုးခန်းထဲ ဝင်ပြီး ရေချိုးလိုက်သည်။

ထို့နောက် အင်္ကျီဝတ်ပြီး ကုတင်ပေါ်တွင် ပြန်ထိုင်နေမိသည်။

သူ၏ အကြည့်တွေက ကုတင်ဘေးက စာကြည့်ခုံရှိ အံဆွဲဆီ ရောက်သွားသည်။

တစ်ဆက်ထဲမှာပဲ အံဆွဲထဲက ဓားမြှောင်လေးကို ထုတ်လိုက်ပြီး သူ့လက်ဖဝါးနုနုလေးကို ဖြန့်လိုက်သည်။

Endless EndingWhere stories live. Discover now