Episode- 27

106 16 8
                                    

" ​နင့်အဖေက အတ္တသိပ်ကြီးတယ် သူ့အကျိုးအမြတ်ရဖို့ပဲ ကြည့်တာ အခုလည်း သူ့စီးပွားဖက်ရ​ဲ့ သမီးနဲ့ နင့်ကို ပေးစားဖို့ အတင်းစီစဥ္နေတယ်လေ "

ဘဝင်မကျဟန်ဖြင့် အဖွားဖြစ်သူက မျက်ခုံးတို့ကို တွန့်ချိုးကာ စကားဆက်တော့ Taehyun မျက်နှာသိသိသာသာကို ပျက်သွားလေသည်။

" ကျွန်တော် သိတယ်.. ကျွန်တော်လည်း မချစ်တဲ့ သူကို လက်မထပ်ချင်ဘူး လက်ထပ်မှာလည်း မဟုတ်ဘူး "

နားလည်မှု အပြည့်ဖြင့် သူမ မြေးဖြစ်သူကို ကြည့်နေမိသည်။ သူမ သိပ်သိတာပေါ့။ မချစ်မနှစ်သက်သည့် သူကို လက်ထပ်ရတာ ဘယ်လောက်ဆိုးဝါးလိုက်သလဲ။မြေးကိုတော့ သူမ တုန်းကလို အဖြစ်မျိုးမဖြစ်စေချင်ဘူး။

အင်မတန်အကြည်းတန်တဲ့၊ အိမ်ထောင်ရေးသုခဆိုတာ ဘာမှန်းတောင်မသိလိုက်ရတဲ့၊ အဖြစ်မျိုး မရောက်စေချင်ဘူး။

" စိတ်ချ Taehyun ငါ့မြေးကိုတော့ အဲ့လိုအဖြစ်မျိုးမရောက်စေရဘူး အဖွားကိုယ်တိုင် အဲ့ကိစ္စကို ကန့်ကွက်မယ် "

အခုမှ Taehyun၏ မျက်နှာမှာ ပြုံးရိပ်လေးသန်းသွားသည်။ သူ့ဘက်မှာ အဖွားပါရှိနေလို့ တော်သေးတာပေါ့။

" အက်မယ် အဲ့လိုပြုံးပုံထောက်တော့ ငါ့မြေးမှာ ချစ်သူရှိနေပြီထင်တယ် ပြောစမ်း ဘယ်သူတုန်း "

" အာ နောက်မှ အေးဆေးပြောပြမယ်လေဗျာ အခု ကျောင်းနောက်ကျတော့မယ် "

" ဪ ဟုတ်သားကွယ့် သွားတော့ သွားတော့ "

" အဲ့ဒါဆို ကျွန်တော် သွားပြီနော် ခဏနေရင် Sakuraလာလိမ့်မယ် ဆေးဖိုးတွေဘာတွေ သူရှင်းပြီး အဖွားကို အိမ်ပြန်ပို့ဖို့ ကျွန်တော်​မှာထားတယ် "

" မြေးမလေးက ဂျပန်ကပြန်ရောက်ပြီပေါ့ "

" ဟုတ်ပါ့ဗျ ကျွန်တော်သွားပြီနော် "

" အေးအေး ကားဂရုစိုက်မောင်းဦး "

မြေးဖြစ်သူ ထွက်သွားပြီးနောက် အဖွားလည်း ပြန်လည်အိပ်စက်ရန် မျက်လုံးတစ်စုံကို မှိတ်လိုက်သည်။

သို့သော်လည်း အိပ်၍မပျော်၊ အတိတ်က ဖြစ်ရပ်တွေကို ပြန်လည်မြင်ယောင်နေမိသည်။

Endless EndingWhere stories live. Discover now