Episode- 31

107 10 2
                                    

မြေပြင်ပေါ် သက်ဆင်းလာသည့့် နှင်းစက်ကလေးတွေဟာ ပြောင်းလဲသွားသည့့် ကာလ၏ အရိပ်အယောင်ဖြစ်မည်။ ကာလအနည်းငယ် ကုန်ဆုံးတော့ အထက်တန်းကျောင်းတော်ကြီးတောင် ဘွဲ့နှင်းသဘင် အခန်းအနားကျင်းပမည့် အချိန်သာမယသို့ ရောက်ရှိလာပြီ။

ကျောင်းသားဘဝ၏ အငွေ့အသက်တို့ပြည့်နှဲ့နေသည့့် ဤကျောင်းတော်ကြီးကို မကြာခင်ခွဲခွာရတော့မှာပါလား။ ကျောင်းသားတိုင်း၏ စိတ်ထဲတွင် ထိုအတွေးလေးဟာ နေရာယူနေတော့မှာ အမှန်ပင်။

တစ်ယောက်နှင့် တစ်ယောက်ခွဲခွာရမည်လည်း ဆိုပြန်တော့ စိတ်မကောင်းဖြစ်နေကြသည့့် ကျောင်းသား၊ကျောင်းသူ အချို့ရှိသလို၊ ပြန်တွေ့မှ နရင်းင်းအဝ ပိတ်ရိုက်မည်ဟု ကြုံးဝါးကြသည့့် ကျောင်းသားမျိုးတို့လည်း ရှိကြသည်။

သူတို့လေးတွေထက် ပိုပြီး ရင်ထဲနင့့်နေရသည်မှာည်မှာ ဆရာ၊ဆရာမများပင်။ ရင်ဝယ်ပိုက်ကလေးတွေနှယ် တတ်သမျှမချန် သင်ကြားပေးခဲ့ကြပြီး ယခုလို အတောင်အလတ်စုံချိန်တွင် ထွက်ခွာပျံသန်းတော့မည်ဆိုတော့ သူတို့လေးတွေအတွက် ပီတီမျက်ရည်တို့ဝဲမိပါသည်။

ထို့ကြောင့် ကျောင်းသား၊ကျောင်းသူအချို့မှာ မိမိတို့ ချစ်သည့့် ဆရာ၊ဆရာမတို့နှင့် နှုတ်ဆက်စကားဆိုရင်း အချို့ဆို ဖက်တောင်ငိုသည့့်အထိ။

ထို့အတူ စာသင်နှစ်ပတ်လုံး ဆရာ၊ဆရာမတွေကို ဒုက္ခပေးပြီး ယခုလည်း စနောက်ာက်ကျီစယ်ကာ လုပ်ငိုပြနေသူများလည်း သက်သက်ကို ရှိသည်။

ထိုသူတို့ကတော့ သေချာပေါက် တတိယနှစ် Aခန်းမှ အတန်းခေါင်းဆောင်Yeonjunနှင့်အဖွဲ့။

" အီးဟီး ဆရာမနဲ့ ခွဲရတော့မယ် "

အတန်းပိုင်ဆရာမဖြစ်သည့် Ms.Jessi အနားသို့ သွားကာ အာပြဲကြီးနှင့် ငိုပြနေသော သူမ၏ ချစ်တပည့်ကျော် အတန်းခေါင်းဆောင် Yeonjunပါ။

သူငိုပြသည်ကလည်း မျက်ရည်တစ်စက်မှ မထွက်တော့ သက်သက်မဲ့ ကျီစယ်မှန်းသိ၍ Ms.Jessiက သူ့တပည့်ကို ဘုကြည့်ကြည့်နေလျက်။

" ဟင့့် ဆရာမ မင်္ဂလာဆောင်ရင် ကျွန်တော်တို့ကို ဖိတ်နော် ဟင့့် "

Endless EndingWhere stories live. Discover now