Episode- 22

235 18 8
                                    

" ဟူး~ များလိုက်တဲ့ စာတွေ.."

စာရေးစားပွဲပေါ်ရှိ စာအုပ်အပုံကြီးကို စိတ်ပျက်သော မျက်ဝန်းများနှင့် တစိမ့်စိမ့် ကြည့်ကာ Beomgyu သက်ပြင်းတစ်ချက်ချလိုက်သည်။

စာမေးပွဲက လာမည့်အပတ်ထဲတွင်ဖြစ်သောကြောင့်သာ အခုလိုစာလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

အရင်နှစ်တွေက စာအတော်ဆုံးဟု သတ်မှတ်ခြင်းခံထားရသည့် သူ့လိုကျောင်းသားမျိုးက ယခုတွင်တော့ ဘယ်စာကိုမှ လုပ်ချင်စိတ်မရှိချေ။

စာလုပ်ချင်စိတ် မရှိလို့ မလုပ်ပြန်လည်း ကျမည်၊ ကျတာ ကိစ္စမရှိသော်ငြား အတော်ဆုံးကျောင်းသား ဟူသော ဂုဏ်ပုဒ်လေး ပျက်မှာစိုးပြီး လုပ်ရပြန်၊ လုပ်လည်း များလွန်းလို့ မရပြန် ၊ မရလည်း လုပ်ရမည် မဟုတ်ပါသလား..

လုပ်ရမည်ဆိုပေမယ့် လုပ်ချင်စိတ်ကလည်း မရှိပြန်ဘူး..

ကျောင်းသားဘဝ၏ ဆိုးရွားလှသော အခိုက်အတန့်ပင်..

စိတ်ကို လုံးလုံးချကာ ကြိတ်မှိတ်၍ စာဆက်လုပ်နေလိုက်သည်။ လုပ်ရင်းစိတ်က ပါမလာပြန်တော့ စားပွဲပေါ်တင်ထားသည့် ဖုန်းသာဖွင့်ကြည့်လိုက်သည်။

Screenပေါ် ပေါ်လာသည့် notiလေးကြောင့် Beomgyuမျက်နှာတွင် ကြည်နူးရိပ်ကလေး ဖြတ်ပြေးသွားသည်။

သူ့ချစ်သူကောင်လေးက စာပို့ထားခြင်းပင်။

ဤသို့ဖြင့် စာလုပ်သလို ဖုန်းသုံးနေလိုက်ပြီး ညကိုးနာရီသာထိုးသွားသည်။ သူစာတစ်လုံးမှ မရလိုက်။



~~~~~

" Gyu ပြီးပြီလား သွားမယ်လေ "

" အွန်း လာပြီလာပြီ "

ပြောကာ Beomgyuက လှေကားမှ အမြန်ပြေးဆင်းလိုက်တော့ အရှိန်လွန်ပြီး လှေကားအဆုံးတွင် စောင့်နေသည့် Taehyunအပေါ် ကျမလိုဖြစ်သွားသည်။

Taehyunက အမိအရလှမ်းဖက်လိုက်လို့ နှစ်ယောက်စလုံး မလဲကျသွားချေ။

" ဖြေးဖြေးဆင်းလာလေကွာ ကျွန်တော်သာ မရှိရင် ခြေချော်ပြီးလဲနေတော့မှာ အရမ်းကြီးမပြေးနဲ့လေ "

Endless EndingWhere stories live. Discover now