Episode- 8

153 19 0
                                    

ဒီနေ့တော့ Taehyun ကျောင်းတက်မည်ဟု ဆုံးဖြတ်လိုက်သည်။

သူကျောင်းမတက်လျှင် သူ့ချစ်ရသူလေးကို မတွေ့ရမည်ဖြစ်သောကြောင့် သူဘယ်လောက်ပဲ ခံစားနေရပါစေ သူ့အဖိုးတန်လေးကို သူတွေ့ချင်ပါသည်။

ကျောင်းရောက်တော့ သူတွေချင်တဲ့ သူလေးက ရောက်နှင့်နေပြီဖြစ်သည်။ သူလေးထိုင်သည့်ခုံတွင် လွယ်အိတ်သာရှိသည်။

Soobinတို့နှင့် Canteenသွားခြင်းဖြစ်သည်။

Taehyunလည်း Canteenလိုက်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုအချိန် အတန်းထဲဝင်လာတဲ့ Yeonjunက Taehyunကို နှုတ်ဆက်လိုက်သည်။

"Taehyun-na "

" အာ Hyung ကျွန်တော် canteenသွားမလို့ လိုက်ဦးမလား"

"အွန်း လိုက်မယ်လေ Beomgyuတို့လည်း Canteenမှာထင်တယ်"

Yeonjunနှင့် Taehyunလည်း Canteenသို့ လိုက်သွားလိုက်သည်။

သူတို့ရောက်ရောက်ချင်း မြင်လိုက်ရသော မြင်ကွင်းကြောင့်၊

Taehyun၏ အသည်းနှလုံးကို မီးရှို့လိုက်သလိုပင် ပူလောင်သွားစေသည်။

Taehyun၏ မြတ်နိုးရတဲ့ သူလေးနှင့် ထိုသူလေးဘေးက သက်ဆိုင်သူ..

သူတို့ကို တစ်ဝိုင်းထဲတွင်ထိုင်ပြီး ရယ်မောကာ စကားပြောနေသည်ကို မြင်လိုက်ရပြန်သည်။

Soohyukက Beomgyuတို့ ထိုင်နေသည့် ဝိုင်းတွင်ထိုင်နေပြီး Beomgyuကို ပုခုံးဖက်ထားတော့ Beomgyuက သူ့ရင်ခွင်ထဲရောက်နေသည်။

ထိုမြင်ကွင်းကြောင့်

သေမတက်ပူလောင်ရသည်။

မြတ်နိုးရသည့် သူကို တခြားတစ်ယောက်တွဲတွေ့ရသည်က သေမတက်ပူလောင်ရသည်။

သို့သော်

မြတ်နိုးရသည် သူကပါ ပျော်ရွှင်နေတော့ သူလည်း ပျော်မိအောင်ကြိုးစားမိသည်။

သူ့၏အကြည်းတန်သည့် နာကျင်မှုတွေကို မြတ်နိုးရသူ၏ အပြုံးနှင့်သာ ဖြေဖျောက်နိုင်ရန် ကြိုးစားတော့သည်။

မြတ်နိုးရသူကို မပိုင်ဆိုင်သေးသ၍ သူ့ဘက်က ဘာမျှ မလုပ်နိုင်ပါ။

Endless EndingWhere stories live. Discover now