Episode- 6

159 18 0
                                    

Taehyunနိုးလာတော့ Beomgyuက မရှိတော့၊အိမ်ပြန်သွားပြီဖြစ်သည်။

Taehyunလည်း မနေ့ညက သူချစ်ရတဲ့သူလေးနဲ့ တစ်ကုတင်ထဲ အိပ်ခွင့်ရသောကြောင့် အလွန်ကျေနပ်နေမိသည်။

တဖြည်းဖြည်းနှင့် သူ Beomgyuအပေါ် ထားရှိသည့် ခံစားချက်များက နက်ရှိုင်းလာတော့သည်။သူတကယ်ပင် ချစ်မိနေပြီ။

သူ့ဘဝတွင် ယောက်ျားလေးတစ်ယောက်ကို ယခုလို ချစ်မိမည်ဟု လုံးဝ မထင်ထားပါ။Beomgyuက သူ့ချစ်ဦးသူဖြစ်သည်။

သူ မနက်ဖြန် ကျောင်းတွင် Beomgyuအား ဖွင့်ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

~~~~~

ကျောင်းရောက်သော် အတန်းထဲတွင် မည်သူ့မျှ မရှိ၊ Taehyunက တမင်စောစောလာသည်ဖြစ်၏။ထို့နောက် Beomgyuထိုင်သော ခုံအောက်တွင် carnationပန်းအတစ်ပွင့် နှင့် စာတစ်ဆောင် တွဲလျက် ကပ်ထားလိုက်သည်။

Taehyunလည်း ရင်ခုန်စွာဖြင့် သူ့ချစ်ရသူလေးလာမည်ကို စောင့်မျှော်နေလိုက်သည်။

တခဏ ကြာတော့ Beomgyuတို့သုံးယောက်လာကြပြီဖြစ်သည်။

သူတို့လာတာတွေ့တော့ Taehyunက စာကြည့်တိုက်ထဲ သွားနေတာကြောင့် အတန်းထဲတွင် မရှိ။

Beomgyuခုံတွင်ထိုင်ပြီး လွယ်အိတ်ကို ခုံအောက်က နေရာအလွတ်ထဲ ထည့်မည်အလုပ်၊ သူအလွန်နှစ်သက်သော Carnationပန်းတစ်ပွင့်ကို တွေ့လေသည်။

"ဝါး လှလိုက်တာ "

Beomgyuအာမေဋိတ် အသံကြောင့် ရှေ့တန်းက Soobinနှင့် Kaiက အနောက်လှည့်လာပြီး

"မင်းကြိုက်တဲ့ ပန်းပဲ ဘယ်သူလာထားသွားတာပါလိမ့်"

Soobinက တွေးတွေးစစဖြင့် ဝင်ပြောသည်။

"အရင်လို ကောင်မလေးတွေ ထားသွားတာနေမှာပေါ့" Kaiက စာအုပ်ထုပ်ရင်း ပြောလာသည်။

" မဟုတ်သေးဘူးကွ ငါဒီပန်းကြိုက်တာ မင်းတို့နှစ်ယောက်နဲ့ Soohyuk-Hyungပဲ သိတာလေ ပြီးတော့ Taehyunieလည်းသိတယ် "

Beomgyuအတော်အတန် ကြာအောင် တိတ်ဆိတ်သွားသည်။ အကြောင်းမှာ သူကိုင်ထဲသည့် ပန်းတွင် စာလိပ်လေး တစ်စောင်ပါ ပါနေသည်။

Endless EndingWhere stories live. Discover now