Episode- 5

171 18 0
                                    

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် Choi Beomgyuတစ်ယောက် မနက်၅နာရီမှ အိပ်၍ နောက်တစ်နေ့ နေ့ခင်း ၃နာရီခွဲမှ ထလေသည်။ ယခုလို အိပ်ရခြင်းမှာ အိမ်က လူနှစ်ယောက်ကို မမြင်ချင်လို့ဆိုလည်း မမှား။

နိုးလာတော့လည်း အိမ်မှာ အဖေကမရှိ၊ အရင်တိုင်း အမေနှင့် စကားအချေအတင်ဖြစ်ပြီး သူ့သူငယ်ချင်းအိမ်တွင်သွားနေသည်ထင်ပါရဲ့။

"Beomgyu သား ဒီကို ခဏလာထိုင်"

အမေက​ စကားစတော့ Beomgyuလည်း သူမပြောသည့်အတိုင်း သွားထိုင်လိုက်သည်။

"သားအဖေနဲ့ ကွာရှင်းတော့မယ်"

Beomgyu သူကြားလိုက်တဲ့ စကားကြောင့် အလွန်အံ့ဩသွားသည်။

" ဗျာ  မေမေ ဘာပြောလိုက်တာ "

" တကယ် ဆက်မပေါင်းနိုင်တော့ဘူး သားအသိဆုံးပါ သားမျက်နှာကြောင့် မေမေသည်းခံနေတာ အခု သူက ပိုပြီး တရားလွန်လာပြီ "

" ဖေဖေက မေမေကို အရမ်းချစ်တာလေဗျာ သူအမှားလုပ်မိတဲ့ဆိုတာကလည်း သားတို့မိသားစုအတွက်လေ အဲ့လောက်ထိလုပ်စရာလိုလို့လား "

" လိုတယ် အကြိမ်ကြိမ် သည်းခံခဲ့ပြီးပြီ သား ဒီတစ်ခါတော့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ မေမေ ဦးစားပေးတော့မယ် "

ထိုစကားကြောင့် ရုတ်ချည်းဆိုသလို Beomgyu၏ မျက်ဝန်းတို့၌ အကြည်းတန်မှုတွေ ပြည့်နှံ့သွားသည်။

" မေမေတောင် မေမေဖြစ်ချင်တာပဲလုပ်ခဲ့တာ မဟုတ်ဘူးလား "

Beomgyuပြောလိုက်တဲ့ စကားကြောင့် အမေဖြစ်သူက အနာပေါ်တုတ်ကျသလိုဖြစ်သွားပြီး၊

" သား! မေမေ ဘယ်လောက်ခံစားခဲ့ရလဲ မင်းအသိဆုံးနော် မေမေလည်း ကိုယ့်ကိုယ်ကို မှန်တယ်မပြောပါဘူး ဒါပေမယ့် ထွက်ပေါက်ရှာတဲ့အနေနဲ့လုပ်ခဲ့တဲ့ဆိုတာမင်းသိပါတယ် အဲ့လို မရွဲ့နဲ့သား "

"ဟား လူတွေက တကယ် ကိုယ်ချင်းမစာတတ်တာပဲ မေမေ့ခံစားချက်တွေကိုတော့ မေမေသိတတ်တယ်နော် ဒါဆို သားကရော?? သားဘယ်လောက်ခံစားခဲ့ရလဲ.. ဘယ်လောက် နာကျင်ခဲ့ရလဲ မေမေတို့ သိလို့လား သိဖို့ရော ကြိုးစားခဲ့ကြလား ဒါပေမယ့် သား ခွင့်လွှတ်ခဲ့ပါတယ် သား အကုန်လုံးကို နားလည်ပေးခဲ့ပေမယ့် ပြန်ရခဲ့တာ ဒီကွာရှင်းမယ်ဆိုတာလား?? တော်ကြပါတော့ တကယ် တော်ကြပါတော့ "

Endless EndingWhere stories live. Discover now