Episode- 36 ( End )

203 16 0
                                    


နိုဝင်ဘာလ၏ အအေးဓာတ်က ကမ်းခြေဒေသ၏ နံနက်ခင်းယံအား ပိုမို အေးမြစေလေသည်။ ဖွင့်ထားသော ပြတင်းပေါက်မှ ခပ်သွေ့သွေ့လေညင်းတို့သည် ကုတင်ပေါ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် Beomgyuအား အနည်းငယ်တုန်ရီစေ၏။

တခဏအကြာ၌ မျက်တောင်ရှည်တို့ပုတ်ခတ်ပုတ်ခတ်ဖြင့် အိပ်ရာမှ နိုးလာခဲ့သည်။ ဘေးဘက်သို့ စောင်းအိပ်နေသည်မလို့ နိုးနိုးချင်းမြင်လိုက်ရသည်မှာ ပြာလဲ့နေသော ပင်လယ်ပြင်ကျယ်သာ ဖြစ်မည်။

ပြတင်းပေါက်မှ လှမ်းတွေ့နေရသော ပင်လယ်ပြင်ကျယ်က အနှီပင်လယ်ရေပြင်ထက် လှုပ်ရှားသွားလာနေသော ငါးဖမ်းလှေအချို့ကြောင့် ပို၍ အသက်ဝင်စေသည်။

ကမ်းခြေသဲသောင်ပြင်ထက် အနှံ့အပြားနေရာယူထားသော အုန်းပင်တို့က လေတိုးသည့်အလျောက် မပါသွားဘဲ မားမားမတ်မတ် ရပ်တည်နေကြ၏။

အင်မတန်လှပသော ပန်းချီကားတစ်ချပ်နှယ် နှစ်လိုဖွယ်အတိနှင့် သဘာဝအလှဟန်တို့ကို ငေးမောရင်း အကျော့ဆန့်ကာ အညောင်းအညာဖြေလိုက်သည်။

အိပ်လျက်ပဲ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်တော့ ဘေးနေရာက ကွက်လပ်ကြီးဖြစ်နေပါရော။

Kang Taehyunဘယ်ရောက်သွားတာပါလိမ့်။

မနေ့ညက အရက်ဝိုင်းတွင် limitကျော်သွားတဲ့ သူ့အား အခန်းထဲသို့ သယ်လာပေးပေမယ့် ယခုမနက်ကျ မရှိတော့။ ကိုယ်ယောင်များ ပျောက်သွားတာလား၊ ကိုယ်လည်း ညကအရှိန်ကြောင့် ယခုမှနိုးလာရသည်။ သကောင့်သားက ဘယ်အချိန်ကတည်းက ထသွားတာပါလိမ့်။

ချက်ချင်းကုတင်ဘေး စားပွဲပေါ်မှ ဖုန်းကိုလှမ်းယူရင်း အနှီသကောင့်သားအား ဖုန်းခေါ်လိုက်သည်။

" မောင်.. ဘယ်တွေသွားနေတာလဲ ဒီမှာတစ်ယောက်ထဲ.. "

အိပ်မှုံစုံဖွားလေးနှင့် ခပ်ချွဲချွဲပြောလာတော့ တစ်ဖက်က အမောင်Kangခင်ဗျာ အံတင်းတင်းကြိတ်ထားရသည်။ ဘယ်လိုတောင် အသည်းယားစရာလေးဖြစ်နေပါလိမ့်။

" အယ် ဟုတ်ပါရဲ့ မောင်အခုလာပြီနော် "

​တစ်ဖက်က ဖုန်းချသွားတော့ Beomgyuလည်း အိပ်ချင်မူးတူးနှင့်ပဲ အိပ်ရာမှထလိုက်သည်။ ထို့နောက်တော့ ရေချိုးခန်းထဲ ဝင်ကာ ကိုယ်လက်သန့်စင်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 25, 2023 ⏰

Add this story to your Library to get notified about new parts!

Endless EndingWhere stories live. Discover now