Episode- 25

109 18 4
                                    

" တစ်ယောက်တည်းနေတာ အဆင်ပြေရဲ့လား "

တပ်ထားသည့် မျက်မှန်ကို ချွတ်လျက် ရုံးခန်းထဲ သူ့အရှေ့၌ ထိုင်နေသည့် သားဖြစ်သူကို မေးလိုက်တော့ ဖျော့တော့တော့အပြုံးလေးကို မြင်လိုက်ရသည်။

" ပြေပါတယ် ဒီလိုပါပဲ ဒါနဲ့ ကျွန်တော့်ကို ဘာလို့ခေါ်တာလဲ "

" မင်ကို ပွင့်ပွင့်လင်းလင်းပဲပြောချင်တယ် အဖေ ကြားထားတဲ့ သတင်းတွေထဲမှာ မင်းက မကောင်းတဲ့သူဖြစ်နေတယ် "

" ဗျာ အဖေဘာကိုပြောချင်တာလဲ "

" မင်း အခု ယောက်ျားချင်းကြိုက်နေတယ် ပြီးတော့ အဲ့ကောင်လေးက အဖေတို့  ကုမ္ပဏီရဲ့ရှယ်ယာအများဆုံးပိုင်တဲ့ အဖေတို့ ကျေးဇူးရှင်ရဲ့သားဖြစ်နေတယ် သူ့အဖေကြောင့် အဖေတို့ ကုမ္ပဏီအခုလို ရပ်တည်နိုင်နေတာ "

" အဲ့ဒါက ဘာဆိုင်.. "

" နေဦး အခု ပတ်ဝန်းကျင်က မင်းကို ဘယ်လိုပြောလဲသိလား အဖေ့ကုမ္ပဏီဒေဝါလီခံခါနီးဖြစ်နေလို့ သူဌေးသားကို ဝင်လုံးတယ်တဲ့ "

ကြားလိုက်ရတဲ့ အဖေ့ဆီက စကားလုံးတွေက စိတ်ကို ရှုပ်ထွေးသွားစေသည်။ နဂိုတည်းက စိတ်က သေလောက်အောင်ညစ်နေတာ ထပ်ပြီး စိတ်ရှုပ်ရရင် လူလည်း ရူးကုန်တော့မှာပေါ့။

ဘာတွေ အဲ့သည့်လောက် ရှုပ်ထွေးနေရတာလဲ ကံကြမ္မာရယ်။

ဘာစကားလုံးမှ ဆက်မပြောနိုင်ဘဲ အသက်မဲ့တဲ့ မျက်ဝန်းတွေနဲ့ အဖေ့ကို စိုက်ကြည့်နေမိသည်။

" ပိုဆိုးတာက မင်း သူ့သားနဲ့ အဆက်မဖြတ်ရင် အဖေတို့ ကုမ္ပဏီမှာ ထည့်ထားတဲ့  သူ့ရှယ်ယာတွေအကုန်ပြန်ယူပြီး ဒေဝါလီခံအောင်လုပ်ပစ်မယ်တဲ့ "

ထပ်ကြားရတဲ့ စကားတွေက နင့်ကနဲ။ အင်အားလျော့နေကာမှ ဓားနှင့်အချက်ပေါင်းများစွာအထိုးခံလိုက်ရသလိုပဲ။

" ပြီးတော့လည်း သူ့သားကို သဘောတူထားပြီးသား ကောင်မလေးရှိတော့ မင်း နောက်ဆုတ်မှဖြစ်မယ် သား "

ဪ တရားကျလိုက်ကြတာ။ နာမည်ထည့်မပြောသွားလည်း Kim Miraeကိုပြောမှန်းသိပါသည်။ နာနာကြည်းကြည်းပြုံးလိုက်မိသွားသည်။ ဘာကြောင့် ဒီလို စိတ်ဆင်းရဲစရာတွေ တစ်ခုပြီးတစ်ခုကြုံနေရတာလဲ။

Endless EndingWhere stories live. Discover now