Episode- 24

147 18 8
                                    

" ဘာ? ပြိုင်ပွဲက ဘယ်ရက်? "

စားလက်စ ပီဇာပလုပ်ပလောင်းဖြင့် Yeonjunက အံ့ဩသွားသည့် ဟန်နှင့်မေးလေသည်။

" နောက်အပတ်ထဲတဲ့ "

" ဟမ် နည်းပြပြောတော့ final examပြီးမှဆို "

" ရက်ရွှေ့သွားတယ်တဲ့လေဗျာ တကယ်ပဲ ဘာမှ သေချာမလေ့ကျင့်ရသေးတာကို "

Taehyunက လေပူတစ်ချက်မှုတ်ထုတ်ကာ စကားဆိုသည်။ ဒီရက်အတောအတွင်း စိတ်ဖိစီးစရာတွေရှိပါတယ်ဆိုကာမှ ကျောင်းချင်းပြိုင်သည့် basket ballပြိုင်ပွဲက ရှိပြန်တော့ ပင်ပန်းရဦးမည်။

သူက စိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်း သူ့အရှေ့က ဆိုဖာပေါ်ထိုင်ကာ ပီဇာကို အပူပင်ကင်းကင်း စားနေသည့် Yeonjunကတော့ ဘာမှမဖြစ်သလိုပင်။

" Hyungပဲကောင်းတယ် "

" ဒါပေါ့ ငါအကောင်းဆုံး "

" ဟော မပြောခဲ့သင့်ဘူး "

" ဘာ ငါလုပ်ထည့်လိုက်ရ "

Taehyunက Yeonjunကို စပြီးခပ်ဟဟရယ်သည်။ ကျောင်းပျက်လ်ို့ စာကူးမယ်ဆိုကာ သူ့အိမ်ရောက်လာပြီး သောင်တင်နေသည့် Yeonjunကို ဘယ်လိုနည်းနှင့် ပြန်နှင်ထုတ်ရမလဲကို Taehyunစဥ်းစားမရတော့ပေ။

" ဪ ဒါနဲ့ Beomgyuနဲ့ အခြေအနေဘယ်လိုလဲ "

Yeonjunက လှမ်းမေးတော့ Taehyunသက်ပြင်းတစ်ချက်ချလိုက်သည်။

" မသိတော့ပါဘူးဗျာ အခုတလော သူက သူ့အတွေးနဲ့သူဖြစ်နေတာ အားရင်လည်း စာပဲတစ်ချိန်လုံးလုပ်နေတယ် အရင်လိုလည်း.. မဟုတ်တော့ဘူး အဲ့လိုပြောင်းလဲသွားတာ တစ်ပတ်လောက်ရှိပြီ "

Beomgyu သိသိသာသာပြောင်းလဲသွားတာကို Taehyunအဖြေရှာမရသေး။ ဘာတွေများ စိတ်ညစ်စရာတွေရှိနေလို့လဲလို့ မေးပြန်လည်း အတင်းငြင်းတတ်သေးတာမို့ သူ့ကြောင့်နှင့် Taehyun စိတ်ဘဝင်မကျဖြစ်ရပါသည်။

" စိတ်အခက်မသင့်တာနေမှာပါကွာ စိတ်ရှည်ပြီး ချော့ကြည့်ပေါ့ ကလေးချော့သလို "

" အင်းပါ "

" အဲ့ဒါကြောင့် ငါ ရည်းစားမထားတာ "

" ထားစရာတောင် ရှိလို့လား Hyungရယ် "

" ယားယားး ငါ မင်းထက်စော်ကြည်တယ်ကွ "

Endless EndingWhere stories live. Discover now