Episode- 26

127 16 2
                                    

ကျောင်းရှိ အားကစားခန်းမထဲတွင် ဖြစ်သည်။ ပြိုင်ပွဲနေက ကပ်နေသည်နှင့်အလျောက် ကစားသမားများ အားသွန်ခွန်စိုက် လေ့ကျင့်နေကြရလေပြီ။

ကွင်းထဲ၌ တခြားကစားသမားတို့နှင့်အပြိုင် ပြေးလျက် ဘောလုံးအား ခွန်အားသုံးကာ လု၍ မြင့်မားလှသော နေရာသို့ လှမ်း၍ ပစ်ထည့်ရသည်မှာ တော်ရုံတော့မဟုတ်။ လွယ်မင်ယောင်၍ ကစားကြည့်မှ ခက်သော ကစားနည်းပင်။

အချိန်စေ့သည်နှင့် ပထမအချီပြီးပြီမလို့ Beomgyuတစ်ယောက်  ပင့်သက်ကို ခဲယဥ္းစွာရှူရှိုက်ရင်း မောနေရသည်။ BasketBallရုံအတွင်းရှိ ကြည့်ရှုသူတို့ထိုင်ရန် နေရာဖြစ်သည့် ခုံတန်းတို့၌ သွားထိုင်ကာ အမောဖြေနေမိသည်။

" ရော့.. သောက်လိုက်ဦး "

နားထဲဝင်လာသည့် အသံကြည်ကြည်ကြောင့် လှည့်ကြည့်လိုက်သောအခါ အားဖြည့်အချိုရည်ဗူးကို ကိုင်ကာ သူ့အား ကမ်းပေးနေသည့် Yeonjun-hyung..

လေ့ကျင့်ရင်းနားသည့်အချိန်တိုင်း ဤသို့ အားဖြည့်အချိုရည် လာလာပေးတတ်သည့် Taehyunကိုတောင် သတိရသွားသည်။ ယနေ့တော့ ကျောင်းဆင်းချိန်ကတည်းက သွားစရာရှိလို့ဆိုပြီး Taehyunက ပြန်သွားလေတော့ လေ့ကျင့်ဖို့ကို မလာပေ။

Taehyun မလာသော်လည်း သူက ကစားရာတွင် ကျွမ်းကျင်ပြီးသားမလို့ Beomgyuအတွက် ဟာတာတာကြီးဖြစ်ရုံမျှအပ အထွေအထူးတော့မရှိပေ။ သူနှင့်အတူမရှိရလျှင် ရူးလောက်အောင် တွေ့ချင်တာက လွဲလို့ ကျန်တာအကုန်အဆင်ပြေလေသည်။

" ဪ ကဲ ရော့ သောက်လို့ မင်းTaehyunက ကျောင်းမဆင်းခင်တည်းက club timeရောက်ရင် မင်းကို ဂရုစိုက်လိုက်ပါလို့ပြောထားလို့ လာပေးတာ  "

ကမ်းပေးတာကို မယူသေးဘဲ အတွေးနယ်ချဲ့နေသည့် Beomgyuကို စိတ်မရှည်ဟန်နှင့် Yeonjun ငေါက်လိုက်သည်။

" ဟုတ်ပါပြီဗျာ ကျေးဇူးတင်ပါတယ် "

ကမ်းလာသည့် အားဖြည့်အချိုရည်ဗူးကို ယူကာ အာစွတ်ရုံမျှ သောက်လိုက်သည်။ ထပ်မံလေ့ကျင့်ရဦးမည်မို့ အများကြီးသောက်လျှင် ပိုမောတတ်သောကြောင့်ပင်။


" Hyungလည်း သောက်လေ "

" ငါ့အတွက်သက်သက်တစ်ဗူးရှိတယ် ဒါက မင်းအတွက် ငါဝယ်လာတာ "

Endless EndingWhere stories live. Discover now